Japan

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဂယက်ကြောင့် မော်တော်ယာဉ်အစီးရေ တသိန်းခွဲခန့် ထုတ်လုပ် မှုကျဆင်းခြင်းနှင့် Subaru Corporation ရင်ဆိုင်နေရ

Last Updated:

Subaru Corporation သည် ဂျပန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပြီးခဲ့ သည့် ၂၀၂၀၊ ဧပြီလအတွင်းက ကိုရိုနာကပ်ရောဂါပြန့်ပွားမှုကြောင့် ထုတ်လုပ်မှုများရပ်ဆိုင်းထားကြရသည့်အတွက် မော်တော်ယာဉ်စီးရေ တစ်သိန်းခွဲထုတ်လုပ်မှု ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ၎င်း၏ နှစ်စဉ်ကမ္ဘာ့ရောင်းအား၏ ၁၅ % ဝန်းကျင်ခန့်ကျဆင်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါကော်ပိုရေးအနေဖြင့် ဆိုးရွားသည့် သက်ရောက်မှုဂယက်ကို ကြိုတင်မှန်းဆပြီး ညဆိုင်းလုပ်ငန်း လည်ပတ် ဆောင်ရွက်မှုများကို မူလက မေလ ၃၁ ရက်နေ့ထိ ရပ်နားထားရန် လျာထားသော်လည်း ဇွန်လ ၁၉ ရက်နေ့အထိ  ရပ်ဆိုင်းရန် ထပ်မံတိုးမြှင့်လိုက်ပါသည်။

နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်မည့်ကိစ္စသည် မသေချာမရေရာသည့် အခြေအနေတွင် ရှိနေသေးပါကြောင်း၊ မိမိတို့အနေဖြင့် လာမည့် ဘဏ္ဍာရေးနှစ် (၂၀၂၁ ခုနှစ်၊ မတ်လ) တွင် ကြီးမားသော သက်ရောက်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်းကို ကြိုတင်တွက်ဆထားရန် လိုအပ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် လက်ရှိလုပ်ငန်းနှစ်အတွက် ဝင်ငွေခန့်မှန်းချက်ကို ကိုရိုနာကပ်ရောဂါဂယက်ကြောင့် တိတိပပခန့်မှန်းရန် မရေရာပါကြောင်း ဟု  Subaru Corporation  ၏ ဥက္ကဌဖြစ်သူ Mr. Tomomi Nakamura က မေလ ၁၈ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ချိတ်ဆက်ဆောင်ရွက်သည့် အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်။

Subaru သည် ပြီးခဲ့သည့် ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသားတင်အမြတ်ငွေ ၇.၉ % (ယန်း ၁၅၂.၅၉ ဘီလီယံ) ခန့် မြင့်တက်ခဲ့ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အမြတ် ဝင်ငွေ  ၁၅.၇ % (ယန်း ၂၁၀.၃၂ ဘီလီယံခန့်) မြင့်တက်ခဲ့ပြီး ရောင်းရငွေ ၆.၀ % (ယန်း ၃. ၃၄ ထလီယံ) ခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

ကိုရိုနာကပ်ရောဂါပြန့်ပွားမှု၏ သက်ရောက်မှုသည် ယခု ၂၀၂၀ ဘဏ္ဍာရေးနှစ် မကုန်မီအထိ မည်သို့မည်ပုံရှိလာနိုင်ကြောင်းကို သေသေချာချာ ခန့်မှန်းနိုင်ခြင်းမရှိသေးပါ ကြောင်း၊ မြောက်အမေရိကဒေသတွင် ရောင်းအားများ ၆.၃ % ( အစီးရေ ၇၆၂,၀၀၀)၊ တန်ဖိုးအားဖြင့် Subaru ကုမ္ပဏီ၏ ရောင်းအားစုစုပေါင်း၏ ၇၅ % ခန့်ရှိပါ ကြောင်း၊ အများစုမှာ Forester နှင့် Ascent sport utility model များပင်ဖြစ်ကြပါကြောင်း၊ ထိုပမာဏသည် ပြည်တွင်းအရောင်းပမာဏ ၇.၇ % ( အစီးရေ ၁၂၆,၀၀၀) နှင့် ညီမျှပါကြောင်း အဆိုပါကုမ္ပဏီကပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan