China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အမေရိကန်စတော့ရှယ်ယာဈေးကွက် အရှုံးနှင့် ရင်ဆိုင်ရ ပြီးနောက် ဟောင်ကောင်ဒေသနှင့် တရုတ်နိုင်ငံတို့၏ စတော့ရှယ်ယာများ အတက်အကျများ ရှိနေခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အမေရိကန် စတော့ရှယ်ယာဈေးကွက်မှာ အရှုံးနှင့် ရင်ဆိုင်ရပြီးနောက် ဟောင်ကောင်ဒေသနှင့် တရုတ်နိုင်ငံတို့၏ စတော့ ရှယ်ယာများမှာ မတ်လပထမအပတ်အတွင်း အတက်အကျများ ဖြစ်နေကြောင်း၊ ဟောင်ကောင်စတော့ရှယ်ယာဈေးကွက်၌ ၆-၃-၂၀၂၀ ရက်နေ့ နံနက်ခင်းတွင် ဟောင်ကောင်ဒေသ၏ စတော့ရှယ်ယာ မှာ (၂) ရာခိုင်နှုန်း ကျဆင်းနေကြောင်း၊ ရှယ်ယာဝယ်ယူမည့်သူများအနေဖြင့် စောင့်ကြည့်သင့် ကြောင်း၊ Hang Seng Index မှ (၂.၂) ရာခိုင်နှုန်း၊ ကာစီနိုလုပ်ငန်းများဖြစ်သည့် Galaxy Entertainment မှ (၃.၄) ရာခိုင်နှုန်း၊ Sands China မှ (၃.၆)ရာခိုင်နှုန်း ၊ Wynn Macau(၃) ရာခိုင်နှုန်း၊   MGM China မှ (၃.၂) ရာခိုင်နှုန်း၊ Melco International Development မှ (၁.၄) ရာခိုင်နှုန်း၊ SJM Holdings မှ (၂.၇) ရာခိုင်နှုန်း၊ Internet Giant Tencent မှ (၂.၂) ရာခိုင်နှုန်း၊ Alibaba မှ (၁.၅) ရာခိုင်နှုန်း၊ ဝက်သားထုတ်လုပ်သည့်ကုမ္ပဏီ WH Group မှ (၂) ရာခိုင်နှုန်း အစရှိသည်ဖြင့် အသီးသီးကျဆင်းလျှက်ရှိကြောင်း၊ တရုတ်စတော့ရှယ်ယာ ဈေးကွက်၌ Shanghai Composite Index  မှ (၀.၈) ရာခိုင်နှုန်း၊ ရှန်ဟိုင်းနှင့် ရှန်းကျန့်ရှိ CSI 300 gauge of large-caps မှ (၁.၃) ရာခိုင်နှုန်း၊ နည်းပညာကုမ္ပဏီ ChiNext မှ (၀.၅) ရာခိုင်နှုန်း၊ Apple Airpod ထုတ်လုပ်သူ Luxshare Precision Industry မှ (၀.၆) ရာခိုင်နှုန်း၊ အရက်ကုမ္ပဏီ Kweichow Moutai မှ (၁.၀) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် ဟောင်ကောင်ဒေသ၌ Disney land နှင့် Ocean Park တို့အား ပိတ်ထားကြောင်း၊ အာရှ-ပစိဖိတ် ဈေးကွက်တွင် Tookyo’s Nikkei (၃.၂) ရာခိုင်နှုန်း၊ ကိုရီးယားစတော့ရှယ်ယာ (Seoul Kosspi) မှ (၂.၃) ရာခိုင်နှုန်း၊ Tech-heavy Kosdaq (၁.၅) ရာခိုင်နှုန်း၊ Australia’s S&P မှ (၂.၂) ရာခိုင်နှုန်းနှင့် New Zealand’s S&P  မှ (၁.၇) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း ၆-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Hong Kong , China fall after US market rout over coronavirus fears and Up? No, now is down. Hang Seng benchmark puts Hong Kong traders on wild roller-coaster ride on fast-moving news” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)