India (Delhi)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုက အိန္ဒိယ၏ ပြည်ပကုန်သွယ်မှုအပေါ် တန်ဖိုး ဒေါ်လာ ၃၄၈ သန်းခန့် ထိခိုက်ဖွယ်ရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ အခြေအနေပျက်ယွင်းမှုက တန်ဖိုးကွင်းဆက်အပေါ်ထိခိုက်မှု ရှိပြီး ကမ္ဘာတစ်ဝန်း၌ ပို့ကုန်တန်ဖိုး ဒေါ်လာ ၅၀ ဘီလီယံခန့် လျော့ကျဖွယ်ရှိ ကြောင်း ဆန်းစစ်ချက်တစ်ရပ်အား ၄.၃.၂၀၂၀ နေ့၌ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (UNCTAD) က ထုတ်ပြန်ခဲ့ပါသည်။

UNCTAD ၏ ဆန်းစစ်ချက်အရ ဥရောပသမဂ္ဂအဖွဲ့သည် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅.၆ ဘီလီယံခန့်ဖြင့် ထိခိုက်နိုင်မှုအများဆုံးဖြစ်ပြီး ထို့နောက်တွင် အမေရိကန်၊ ဂျပန်၊ တောင်ကို ရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ် စသည့်နိုင်ငံများ အသီးသီးက ရပ်တည်နေကြောင်း တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဂယက်ကြောင့် ၎င်း၏ပို့ကုန်ကဏ္ဍ၌ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၈ သန်းခန့် ထိခိုက်ဖွယ်ရှိကြောင်း အဆိုပါ လေ့လာမှုတွင် ဖေါ်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ အဓိကပို့ကုန်လုပ်ငန်းများအနက် ဓါတုပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၂၉ သန်း၊ ချည်မျှင်နှင့်အထည်ကဏ္ဍ၌ ဒေါ်လာ ၆၄ သန်း၊ မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းတွင် ဒေါ်လာ ၃၄ သန်း၊ လျှပ်စစ်စက်ကိရိယာပစ္စည်းထုတ်လုပ်မှု၌ ဒေါ်လာ ၁၂ သန်း၊ သားရေထည်လုပ်ငန်းတွင် ဒေါ်လာ ၁၃ သန်း၊ သတ္တုနှင့် သတ္တုပစ္စည်းထုတ်လုပ်ကဏ္ဍ၌ ဒေါ်လာ ၂၇ သန်းနှင့် သစ်အချောထည်နှင့် ပရိဘောဂလုပ်ငန်း၌ ဒေါ်လာ ၁၅ သန်း အသီးသီး ထိခိုက်နိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Trade impact of Coronavirus epidemic for India estimated at 348 million dollars, 5 March 2020, Economic Times

Category: India (Delhi)