China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ကုသနိုင်မည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်သွင်း ရန် စီးပွားရေးခေါင်းဆောင်များ ဆောင်ရွက်လာခြင်း

Last Updated:

ဟောင်ကောင်ဒေသရှိ စီးပွားရေးလုပ်ငန်း (၅၀) ကျော်မှ ခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်မှုနှင့်ကုသမှုများအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်သွင်းရန် ဆောင်ရွက်လာကြောင်း၊ ဆေးရုံများ၌ ဆေးရုံသုံး ပစ္စည်းများလည်း ပြတ်လပ်မှုရှိလာသဖြင့် ဆေးရုံမှ တာဝန်ရှိသူများအနေဖြင့် အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများမှ ဆေးရုံများသို့ မျက်နှာဖုံး/နှာခေါင်းစည်း (Mask) များ၊ ကျန်းမာရေး အကာအကွယ် စောင့်ရှောက်ရေးသုံး ပစ္စည်းများနှင့် အခြားလိုအပ်သည့် ဆေးရုံသုံးပစ္စည်းများအား ဆေးရုံများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက ခွဲစိတ်ခန်းသုံး Mask များအား တရုတ်ပြည်မကြီး၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့ထုတ် South China Morning Post သတင်းစာ၌ “Business Leaders Join Forces to source supplies”ခေါင်းစဉ် ဖြင့် Gary Cheung  က ရေးသား ဖော်ပြထားပါသည်။

 

 (မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)