Japan

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းထိခိုက်ခဲ့ရသည့် စိုက်ပျိုးမွေးမြူရေးသမားများကို ဖခင်များနေ့ အထိမ်းအမှတ် လက်ဆောင်များဖြင့် ကူညီရန် MAFF စီစဉ်ခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်ခဲ့ရသည့် ဂျပန်စိုက်ပျိုးနှင့်မွေးမြူရေးသမားများကို ကူညီနိုင်ရန် ကြိုးပမ်းဆောင်ရွက်ချက်တစ်ခုအဖြစ် ဝါဂယု အမဲသား၊ တူနာငါး၊ လတ်ဆတ်သည့် အသီးအနှံစသည့် စိုက်ပျိုးရေးထွက်ကုန်များကို ဝယ်ယူ၍ ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်မည့် ဂျပန်နိုင်ငံ၏ ဖခင်များနေ့ လက်ဆောင်အဖြစ်ပေးရန် ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန( MAFF ) က စီစဉ်ဆောင်ရွက်နေပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်အတွင်း ပြည်သူအများ နေအိမ်အပြင်ထွက် စားသောက်ခြင်း၊ ခရီးသွားခြင်းစသည့်တို့ လျော့ကျလာသည့်အတွက် အသား၊ ငါး၊ ပင်လယ်စာ ထွက်ကုန်များ၊ အသီးအရွက်များနှင့်ပန်းများ၏ ဈေးနှုန်းသည် ကျဆင်းလာခဲ့သည့်အတွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးရန် သတ်မှတ်ထားသည့်  အင်တာနက်စာမျက်နှာများမှနေတစ်ဆင့် အရောင်းအဝယ်ပြုလုပ်သည့်  အဆိုပါထွက်ကုန်များအတွက် သယ်ယူပို့ဆောင်ခများ လျှော့ချပေးမည့် အစီအစဉ်တစ်ခုကို  ( MAFF ) က စတင်ဆောင်ရွက်ခဲ့ပါသည်။

စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချသည့် အင်တာနက်စာမျက်နှာများနှင့် ချိတ်ဆက်ထားသော ဖခင်များနေ့အတွက် လက်ဆောင်များရောင်းချရန် အထူးအင်တာနက်စာမျက်နှာတစ်ခုကို ဝန်ကြီးဌာနက တည်ထောင်ပေးခဲ့ပါကြောင်း၊  ရောင်းချမည့် လက်ဆောင်တွေပစ္စည်းများမှာ  ပန်းများ၊ သစ်သီးဝလံများနှင့် သားငါးများ ပါဝင်ပါကြောင်း၊ လတ်ဆတ်ပြီး အရသာရှိသည့် ဂျပန် စားသောက်ကုန်များကို ဖခင်များနေ့ လက်ဆောင်အဖြစ် ပေးပို့နိုင်ရေး  ပြည်သူများအနေဖြင့် စဉ်းစားကြစေလိုပါကြောင်းဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Mr. Eto Taku က သတင်းထောက်များအား ဇွန်လ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan