Japan

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့တွင် စီးပွားရေးဌာနခွဲပါဝင်မည်ဖြစ်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များတွင်  စီးပွားရေးဆိုင်ရာ ဌာနခွဲတစ်ခုကို ထည့်သွင်းဖွဲ့စည်းရန် ဂျပန်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အတွင်းရေးမှူးများအဖွဲ့၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထိုဌာနခွဲကို အစိုးရက စတင်အကောင်အထည်ဖော်ခဲ့ပြီး အဆိုပါအတွင်းရေးမှူးများ အဖွဲ့သည် ဂျပန်နိုင်ငံ လုံခြုံရေးကောင်စီမှ အုပ်ချုပ်ရေးဌာနဖြစ်ကြောင်း သိရပါသည်။

အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ် Mr. Suga Yoshihide က အဆိုပါ ဌာနခွဲ စတင်သည့် အထိမ်းအမှတ်အခမ်းအနားတွင် ဌာနခွဲ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ထုတ်ပြန်ခဲ့ပါသည်။ Mr. Suga က နိုင်ငံ၏လုံခြုံရေးဆိုင်ရာ နယ်ပယ်ဧရိယာသည် စီးပွားရေးနှင့် နည်းပညာရပ်ဆိုင်ရာနယ်ပယ်များအထိပါ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာနေကြောင်း ပြောကြားခဲ့ပါသည်။

ပြည်တွင်းနှင့် ကမ္ဘာအဝှမ်းရှိ  လူသားများ၊ ပစ္စည်းများ ၊ ငွေကြေးများ  ရွှေ့ပြောင်း စီးဆင်းမှုများကို လုံခြုံရေးရှုထောင့်မှ ကြည့်ရှုသည့် စနစ်တစ်ခုဖြင့် ဖြန့်ကျက် လွှမ်းခြုံထားမှုမျိုးကို ဆောင်ရွက်လိုပါကြောင်း၊ လူများ၏ သွားလာလှုပ်ရှားမှုများကို နိုင်ငံ့လုံခြုံရေးအတွက် ကိုင်တွယ်ထိန်းချုပ်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ့ဝင်ပေါက်များ ထိန်းချုပ်ရေးနှင့် ကိုရိုနာကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရေးအတွက် ပြောင်းလွယ်ပြင်လွယ်ရှိသည့် နည်းလမ်းများကျင့်သုံးဆောင်ရွက်နိုင်ရေး အတွက်ဖြစ်ပါ ကြောင်း Mr. Suga က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)


 

 

Category: Japan