Japan

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးပိုင်း အလုပ်သင်များ ဂျပန်သို့ မလာရောက်နိုင်သေးဘဲရှိနေခြင်း

Last Updated:

ဂျပန်နိုင်ငံ၌ စိုက်ပျိုးနှင့်မွေးမြူရေးဆိုင်ရာ အလုပ်သင်၊ သင်တန်းများ  တက်ရောက် ကြမည့် နိုင်ငံခြားသား ၁၇၀၀ ခန့်သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံသို့ မလာရောက်နိုင်ဘဲ ရှိနေကြောင်း  Ministry of Agriculture, Forestry and Fisheries (MAFF)၏ ဝန်ကြီး Mr. Eto Taku က ဧပြီလ ၇ ရက်နေ့က လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

၎င်းတို့အနက် တရုတ်နိုင်ငံမှ သင်တန်းသား ၁၂၀၀ ၊  ဗီယက်နမ်မှ ၂၀၀ ဦး၊ မြန်မာမှ ၁၄၀ ဦး၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်မှ  ၇၀ ဦးစီ ပါဝင်ကြောင်း ပြောကြားခဲ့ ပါသည်။ ဂျပန်နိုင်ငံ သည် အဆိုပါနိုင်ငံအများစု အပါအဝင် အခြားနိုင်ငံများမှ အလုပ်သင်အလုပ်သမားများ၏ ပြည်ဝင်ခွင့်ကိုပါ ရပ်ဆိုင်းထားပါသည်။

အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် ဒေသန္တရ လယ်ယာစိုက်ပျိုးရေး သမဝါယမအဖွဲ့များ၊ စီရင်စုများမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် စိုက်ပျိုးရေး ဆိုင်ရာကောလိပ် များထံမှ အကူအညီများ တောင်းခံနေပါကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့် အခြားကဏ္ဍများမှ လုပ်သားများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ၎င်းတို့၏ ဝန်ကြီးဌာနအနေဖြင့်လည်း ကူညီပေးသွားမည်ဖြစ်ပါကြောင်း ဝန်ကြီး Mr. Eto Taku က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan