Korea

ကိုရီးယားဝမ် (၁၆၀) ထရီလီယံ တန်ဖိုးရှိ “Korean New Deal” အမည်ရှိ စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် COVID-19 အလွန်ကာလအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ စီးပွားရေးပြန်လည်နာလန်ထူ တိုးတက်လာစေရေးအတွက် နောင် (၅) နှစ်တာကာလအတွင်း အလုပ် အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုများအား ပံ့ပိုးမှုဆောင်ရွက်ပေးမည့် ကိုရီးယားဝမ် (၁၆၀)ထရီလီယံ တန်ဖိုးရှိ “Korean New Deal” အမည်ရှိ စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်ကို သမ္မတမွန်ဂျေအင်းမှ (၁၄-၇-၂၀၂၀) ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် “Digital New Deal” နှင့် “Green New Deal” ဟူ၍ နှစ်ပိုင်းပါဝင်မည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁.၉) သန်း ကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ စီမံကိန်းသည်အစိုးရနှင့်သာသက်ဆိုင်သည့်စီမံကိန်းမဟုတ်ဘဲ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea