Korea

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် Coronavirus ကြောင့် ရင်ဆိုင်တွေ့ကြုံရသည့် အကျပ်အတည်းများအား အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲရန် ကြိုးစားနေမှုအခြေအနေ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် လက်ရှိဖြစ်ပွားဆဲဖြစ်သော Coronavirus ကမ္ဘာ့ကပ်ရောဂါကြောင့်ကြုံတွေ့ရသည့် ကျပ်တည်းမှုအခြေအနေများအား အခက်အခဲမှသည် အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲရန် နိုင်ငံ၏လက်ရှိကြုံတွေ့နေရသော အကျပ် အတည်းများကို ကျော်လွှား၍ ပိုမိုအဆင့်မြင့်သော စီးပွားရေးစနစ်ဖြစ်ပေါ်လာစေမည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာစေရန် အလုံးစုံခြုံငုံပြည့်စုံသော စီမံကိန်းအစီအစဉ်တစ်ခုကို ဦးဆောင်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ COVID-19 အလွန်ကာလတွင် ဖြစ်ပေါ်လာမည့်အခြေအနေများကို အကောင်းဆုံးကိုင်တွယ်ပြီး ပုံမှန်အခြေအနေ တစ်ရပ်ဆီသို့ခေါ်ဆောင်သွားနိုင်မည့် မဟာဗျူဟာများဖြင့် ခိုင်မာသောအစီအစဉ်များရှိကြောင်း ၂၈−၅−၂၀၂၀ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်နှင့်  ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီး ဖြစ်သူ Hong Nam-ki မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

နိုင်ငံတကာအသိုက်အဝန်းတွင်လည်း ကိုရီးယားသမ္မတနိုင်ငံ၏အကူအညီဖြင့် ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဘဏ္ဍာရေးအေဂျင်စီများနှင့် ဖွံ့ဖြိုးမှုဘဏ်များအပါအဝင် ကော်ပိုရေးရှင်းများက မေးမြန်းကမ်းလှမ်း လျက်ရှိကြကြောင်း၊ တောင်ကိုးရီးယားအနေဖြင့် ၄င်းတို့၏ အတွေ့အကြုံနှင့် အောင်မြင်မှုရှိသော ကပ်ဘေးဆိုင်ရာစီမံခန့်ခွဲမှုတို့ကို အခြားနိုင်ငံများသို့မျှဝေခြင်း၊  သုတေသနစင်တာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကိုရီးယားသမ္မတနိုင်ငံတွင် တည်ထောင်ခြင်းစသည့် ကမ္ဘာ့စီးပွားရေးလုပ်ငန်း Project အသစ်တို့တွင် ဉီးဆောင်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုအစီအစဉ်သည် ပြုပြင်ပြောင်းလဲတည်ဆောက်မှု၊ ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုအတွက် အဆောက်အအုံတည်ဆောက်မှု၊ လူမှုအသိုက်အဝန်းလုံခြုံရေးအတွက် အားကောင်းစေမှုနှင့် လက်ရှိ Global Value Chain ပေါ်တွင် နိုင်ငံ၏ မှီတည်မှုကို လျှော့ချစေရေး စသော မဟာဗျူ (၄) ခု၏ အစိတ်ပိုင်းတစ်ခုဖြစ်ကြောင်း၊ အစိုးရက ကုမ္ပဏီ၊ အဖွဲ့အစည်းများအား  ၄င်းတို့၏ ပေါင်းစည်းလုပ်ကိုင်နေသည့်ဖွဲ့စည်းတည်ဆောက်မှုပုံစံကို ပြေပြစ်သွက်လက်သည့် ပုံသဏ္ဍန်ဖြစ်သော မြန်ဆန်ပြောင်းလဲနိုင်သည့် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ဆီသို့ အကောင်းဆုံးလိုက်ဖက်အောင် ပြင်ဆင်နိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာအတွက်လိုအပ်နေသော Semiconductors များထုတ်လုပ်ခြင်း၊ Biotech နှင့် ကျန်းမာရေးကဏ္ဍ၊ အနာဂတ်မော်တော်ကားကဏ္ဍ၊ လျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်ယာဉ်ထုတ်လုပ်ခြင်းတို့ကို အစိုးရက စတင်အစပျိုးထူထောင်ခြင်းမှတစ်ဆင့် ပုဂ္ဂလိက ကဏ္ဍ၏တက်ကြွစွာလှုပ်ရှားမှုကို အထောက်အပံ့ပြုရာရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

ထို့ပြင် ကုမ္ပဏီများနှင့်အဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုပုံစံများနှင့် ကုန်ကျစရိတ်များကိုလျော့ကျစေရန်နှင့် အနာဂတ်စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ ဉီးတည်နိုင်ရန်အတွက် မလိုအပ်သောစည်းမျဉ်းများလျှော့ချသွားမည်ဖြစ်ကြောင်း၊ ကိုရီးယား၏ အဆင့် မြင့်သတင်းအချက်အလက်နည်းပညာသုံးစွဲမှုဖြင့် ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှု အရှိန်မြှင့်မားလာစေမည်ဖြစ်ကြောင်း၊  Smart Learning အနာဂတ်တွင် တွင်ကျယ်လာလျှင် ကမ္ဘာလုံးဆိုင်ရာ ကျပ်တည်းနေသည့် ဤကဲ့သို့အခြေအနေမျိုးတွင် အိမ်မှပင် အရည်အသွေးကောင်းမွန်သည့်အလုပ်များကို ဖန်တီးပေးနိုင်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၂) ကလည်း အဆိုပါကြီးမားသော စတင်လှုပ်ရှားမှုများကရာသီဉတုပြောင်းလဲမှုဖြစ်စဉ်များအကြား Green Drive တစ်ခု၏ အစိတ်အပိုင်းအဖြစ်နှင့် ကမ္ဘာအနှံ့မြန်ဆန်လာသော သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုတို့ကို သဘာဝပတ်ဝန်းကျင်နှင့်အညီ ပြန်လည်ကိုက်ညီမှုအခြေအနေကို ဖြစ်ပေါ်လာစေမည်ဟု မှတ်ချက်ပြုခဲ့ပါသည်။ စီးပွားရေးနှင့် နိုင်ငံခြားရေးရာ မူဝါဒများသည် Global Value Chain ပျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာသော ခက်ခဲမှုများအား အကောင်းဆုံး လမ်းကြောင်းကို ပြန်လည်တည်ဆောက်ပေးသွားနိုင်ပြီး လက်ရှိတွေ့ကြုံရလျက်ရှိသော အကျပ်အတည်းအခက်အခဲများမှတစ်ဆင့် သင်ခန်းစာများကိုလေ့လာသင်ယူလျက် အခွင့်အရေးအဖြစ်သို့ ပြန်လည်ပြောင်းလဲကာ တီထွင်ဆန်းသစ်ခြင်းကိုမြှင့်တင်သွားရန် ကိုရီးယားသမ္မတနိုင်ငံ ထိပ်တန်းမူဝါဒချမှတ်သူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

Source: Ministry of Trade, Industry and Energy၊ Korea Customs Services၊ The Korea Times၊ Yonhap News၊ Arirang News

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea