Korea

ကိုရီးယားသမ္မတနိုင်ငံ၊ WOSEM Co., Ltd. မှ COVID-19 ရောဂါ ကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်တွင်အသုံးပြုရန် မြန်မာနိုင်ငံအတွက် လှူဒါန်းသည်များကို မြန်မာသံရုံး၊ ဆိုးလ်မြို့ သံအမတ်ကြီးမှ လက်ခံခဲ့

Last Updated:

၅-၆-၂၀၂၀ ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် WOSEM Co., Ltd. မှမြန်မာနိုင်ငံအတွက်လှူဒါန်းသည့် စုစုပေါင်း(ကိုရီးယားဝမ် ၈၅ သိန်း) (မြန်မာကျပ်ငွေ ၉၇ သိန်း) တန်ဖိုးရှိ COVID-19 ရောဂါ ကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် အသုံးပြု နိုင်သည့်ပစ္စည်းများဖြစ်သော ကိုရီးယားဝမ်ငွေ(၅၀)သိန်း (မြန်မာကျပ်ငွေ ၅၇ သိန်း) တန်ဖိုးရှိ အလုံပိတ်လူနာသယ်ယူသည့်စင် (Negative Pressure Carrier) (၁)ခု နှင့် ကိုရီးယားဝမ်ငွေ(၃၅) သိန်း (မြန်မာကျပ်ငွေ ၄၀ သိန်းခန့်) တန်ဖိုးရှိ ကူးစက်ရောဂါများအတွက် အထူးကြပ်မတ်ဆေး ကုသခန်းများပြုလုပ်ရာတွင်အသုံးပြုနိုင်သည့် ပြောင်းရွှေ့တပ်ဆင်နိုင်သည့် Movable Negative Pressure Equipment(၁)ခုတို့အား WOSEM Co., Ltd. ၏ဥက္ကဌဖြစ်သူ Mr. Lee Myung-Sik  ဦးဆောင်သောအဖွဲ့နှင့် JBJ Entertainment ၏ဥက္ကဌဖြစ်သူ Ms. Jung Bun-ja  တို့မှ မြန်မာသံရုံးသို့ လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ သံရုံးဧည့်ခန်းမ၌ လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ပြီး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူခဲ့ပါသည်။

WOSEM Co., Ltd. ၏ တာဝန်ရှိသူများမှ Negative Pressure Carrier နှင့် Movable Negative Pressure Equipment တို့၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့ကို သရုပ်ပြရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးမှ WOSEM Co., Ltd. ၏ဥက္ကဌဖြစ်သူ Mr. Lee Myung-Sik သို့ ကျေးဇူးတင်စကားပြောကြားလျက် ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ COVID-19 ရောဂါ ကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန် စုစုပေါင်းတန်ဖိုး (ဝမ် ၈၅ သိန်း) (မြန်မာကျပ် ငွေ ၉၇ သိန်း) ရှိသော အလုံပိတ်လူနာသယ်ယူ သည့်စင် (Negative Pressure Carrier) နှင့် ပြောင်းရွှေ့တပ်ဆင်နိုင်သည့် Movable Negative Pressure Equipment တို့အားမြန်မာနိုင်ငံသို့ထွက်ခွာမည့်မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်း (Myanmar Airways International-MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆောလျင်စွာ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea