Korea

ကိုရီးယား- ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်အတွက် တရားဝင်ဆွေးနွေးညှိနှိုင်းမှုစတင်ခဲ့ခြင်း

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Ms. Yoo Myung-hee သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ကမ္ဘောဒီးယားသမ္မတ Pan Sorasak နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) အတွက်တရားဝင်ညှိနှိုင်းမှု စတင်ကြောင်း ကြေငြာခဲ့ပါသည်။

ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee က အာဆီယံ၏ ကုန်ထုတ်လုပ်မှု နှင့် ကုန်သွယ်မှုအချက်အချာဖြစ်သောဖွံ့ဖြိုးမှုအတွက်ကြီးမားသော အလားအလာရှိသော တိုင်းပြည်နှင့်စီးပွားရေးဆက်ဆံမှုကိုခိုင်မာစေရန်နှင့် ကမ္ဘောဒီးယားဈေးကွက်ရှိ ကိုရီးယားကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ကမ္ဘောဒီးယားနှင့် တရားဝင်ဆွေးနွေးမှု စတင်ခြင်းကို ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea