China(Nanning)

ကုန်စည်တန်ချိန်ငါးသိန်းနီးပါး ထပ်ဆောင်းအထောက်အကူပြုပေးနိုင်မည့် သိုလှောင်ရုံဝန်းအသစ်ကြီးအား Nansha ဆိပ်ကမ်း၌ ၂၀၂၁ ခုနှစ်၊ မတ်လအပြီးတည်ဆောက်သွားမည်

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်းဒေသမှ ဆိပ်ကမ်းတစ်ခုဖြစ်သော Nansha ဆိပ်ကမ်းတွင် ကုန်စည်တန်ချိန် (၅) သိန်းနီးပါးကို သိမ်းဆည် နိုင်သည့်စွမ်းရည်ရှိသောဝန်းကြီးအဖြစ် အထပ် (၈) ထပ်ရှိသည့် အဆောက်အအုံပေါင်း (၆) လုံးကို တည်ဆောက်လျက်ရှိကာ ၎င်းဆိပ်ကမ်း၏ အဆောင်အယောင်အထောက်အပံ့များကို တိုးချဲ့လျက်ရှိပါသည်။

Ajot 100 ၏ အစီရင်ခံစာအရ Nansha ဆိပ်ကမ်းမှာ ကမ္ဘာပေါ်တွင် အလုပ်အရှုပ်ဆုံးဆိပ်ကမ်း (၅) ခုအနက် တစ်ခုအပါအဝင်ဖြစ် ပြီး၊ ဆိပ်ကမ်း၌ အဆင့် (၁) တည်ဆောက်မှုမှာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြီးဆုံးမည်ဖြစ်ပါသည်။

Nansha အပြည်ပြည်ဆိုင်ရာ ထောက်ပို့သယ်ယူပို့ဆောင်ရေးစင်တာမှာ Nansha ဆိပ်ကမ်း၏တိုးချဲ့လာသည့်စက်များဖြင့် ဆောင်ရွက်ပေးသော ဆိပ်ကမ်းအဆောင်အယောင်များနှင့် ချိတ်ဆက်ထားပြီး၊ ကွမ်ကျိုးရှိ ရောင်းဝယ်မှုများသော Jiangnan သစ်သီးဝလံ ဈေးကွက်နှင့် ရှန်းကျန့်၊ ဟောင်ကောင်နှင့် မကာအိုအပါအဝင် ပုလဲမြစ်ဝကျွန်းပေါ်ဒေသတလျှောက် လူဉီးရေများပြားသည့် အဓိကနေရာများ နှင့် နီးကပ်စွာတည်ရှိပါသည်။

AJC International အတွက် ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပို့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသော ဒါရိုက်တာ Chris Swartz က ယခုကြုံတွေ့နေရသည့် Covid-19 ကပ်ရောဂါ၊ အာဖရိကဝက်တုပ်ကွေးရောဂါပိုးနှင့် အခြားကူးစက်ရောဂါများ၏ ဆိုးကျိုးသက်ရောက်မှုကိုကိုးကားလျက် စားသောက်ကုန်များ စိတ်ချလုံခြုံမှုရှိစေရေးအတွက် လျင်မြန်သော အအေးခန်း ကုန်စည် ထောက်ပို့သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအား အလိုအပ်ဆုံးကာလဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် အအေးခန်း ဖြင့် ကုန်စည်ပို့ဆောင်မှုများအတွက် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများမှာ လိုအပ်သည်ထက်နည်းနေသေးကြောင်း၊  Nansha ဆိပ်ကမ်းတွင် အခြေခံအဆောက်အအုံမြှင့်တင်နေမှုများမှာ ကုန်သေတ္တာပိုင်ရှင်များရော၊ စားသုံးသူများပါ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်သည့် ကြိုးပမ်း အားထုတ်မှုပင်ဖြစ်ကြောင်း  သုံးသပ်ပြောကြားခဲ့ပါသည်။

လျင်မြန်သော အကောက်ခွန်ရှင်းလင်းမှုနှင့် တဆင့်လွှဲပြောင်းပေးနိုင်သော စွမ်းရည်ရှိသည့်  Nansha ဆိပ်ကမ်းမှတဆင့် တရုတ်ဈေးကွက်သို့ ဝင်ရောက်လာသည့် သစ်သီးဝလံများမှာ ချီလီနိုင်ငံမှ ချယ်ရီ သီးများနှင့် အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းဒေသမှ အရည်ရွှမ်းပြီး အချဉ်ဓာတ်ပါဝင်သည့် citrus သစ်သီးဝလံများဖြစ်ပါသည်။

အအေးခန်းကုန်သေတ္တာများဖြင့် ကုန်စည်သိုလှောင်ထောက်ပို့မှုများအပြင် ကုန်ပစ္စည်းစစ်ဆေးခြင်း၊ သိုလှောင်ခြင်း၊  ပြုပြင်ထုတ်လုပ်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းကဲ့သို့သော လုပ်ငန်း ဆောင်ရွက်မှုများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်အဆင့်များကိုလည်း ထပ်မံတိုးမြှင့်ဆောင်ရွက်သွားရန်  ကတိကဝတ်ပြုထားပါသည်။

ခြုံငုံကြည့်ပါက တည်ဆောက်မှု (၃) ရပ်၏ ပထမအဆင့်မှာ စတုရန်းမီတာ (၃၀၅,၀၀၀) အကျယ်အဝန်းတွင် အအေးခန်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဝန်းအား တည်ဆောက်ခြင်းဖြစ်ပါသည်။  ထိုသို့ တည်ဆောက်မှုအတွွက် ယွမ်ငွေ (၁.၈၇) ဘီလီယံ (အမေရိ ကန်ဒေါ်လာသန်း ၂၆၀) ရင်းနှီးမြှုပ်နှံကာ တန်ချိန် (၂၃၀,၀၀၀) ရှိသည့် ကုန်စည်များကို သိုလှောင်နိုင်မည်ဟု Guangzhou Port America ၏ အမှုဆောင်အရာရှိချုပ်  John Painter က ပြောကြားထားပါသည်။

ဒုတိယအဆင့် တည်ဆောက်မှုမှာလည်း အလားတူခြုံငုံမှုမျိုးပင်ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း (၅၀၀) ရင်းနှီးမြှုပ်နှံကာ ကုန်စည်သိုလှောင်နိုင်စွမ်း တန်ချိန် (၄၆၀,၀၀၀) ရှိမည်ဖြစ်ပါသည်။

ပမာဏကြီးမားသည့် သိုလှောင်ရေးအချက်အချာနေရာသစ်ဖြစ်လာမှုနှင့် တစ်ချိန်တည်းမှာပင် စက်များဖြင့် အပြည့်အဝလုပ်ငန်း ဆောင်ရွက်မည့် စတုတ္တမြောက် ရေလမ်းကြောင်းဆိပ်ကမ်းကိုလည်း တည်ဆောက်လျက်ရှိပါသည်။  ထိုသို့ တည်ဆောက်ရာတွင် လက်ရှိသင်္ဘောပေါ်မှ ဆိပ်ကမ်းပေါ်သို့ သယ်ဆောင်ပေးနိုင်သည့် ကရိန်း (၆၅) ခုအား (၇၈) ခုအထိ ရှိလာစေရန် အဆင့်မြှင့်တင်သွားမည်ဖြစ် ပါသည်။ ထို့ပြင် မကြာမီတည်ဆောက်ပြီးစီးတော့မည့် ကျန်းရှ၊ ဝူဟန်၊ ချုံချင်းနှင့် ကူမင်းကဲ့သို့ ကုန်းတွင်းပိုင်းမြို့တော်များသို့ တိုက်ရိုက်ဆက်သွယ်ပေးထားသော ရထားလမ်းများနှင့်ပါ ချိတ်ဆက်သွား မည်ဟု သိရပါသည်။

အပူချိန်ထိန်းထားသည့်ကုန်စည်များ ကုန်းတွင်းပိုင်းသို့ ကုန်တင်ကားဖြင့် သယ်ဆောင်ရေးအတွက် ဟောင်ကောင်ကဲ့သို့ အခြားပုလဲမြစ်ဝှမ်းရှိ ဆိပ်ကမ်းများနှင့်နှိုင်းယှဉ်ပါက Nansha ဆိပ်ကမ်းမှ  သယ်ဆောင်မှု မှာ ယွမ်ငွေ (၅,၀၀၀) မှ (၆,၀၀၀) (အမေရိ ကန်ဒေါ်လာ ၇၀၀ မှ ၈၅၀ ခန့်) ပိုမိုသက်သာကြောင်း Painter ၏ ပြောကြားချက်များအရ သိရပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Fruitnet (၂၀-၇-၂၀၂၀)

Category: China(Nanning)