ဟောင်ကောင်ဒေသ၌ ကုမ္ပဏီများ ဒေဝါလီခံမှုများမှာ ရုတ်တရက်မြင့်တက်လာရာ COVID-19 ကြောင့် ဒေသ၏စီးပွားရေးမှာ ၂၀၀၃ ခုနှစ် SARS ရောဂါ ဖြစ်ပွားစဉ်ကထက် အဆိုးရွားဆုံးဖြစ်နိုင်ကြောင်း၊ တစ်ဦးချင်းလုပ်ငန်းများ ဒေဝါလီခံမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် (၆) ခုသာရှိခဲ့ပြီး နောက်လများ တွင် (၂၀၇၉) ခုသို့မြင့်တက်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလမှ ဧပြီလအတွင်း ဒေဝါလီခံသည့်လုပ်ငန်းစာရင်း နည်းပါးခြင်းမှာ အဆိုပါ လအတွင်း တရားရုံးများ ပိတ်ထားခြင်းကြောင့်ဖြစ်ကြောင်း၊ မေလမှစတင်၍ တရားရုံးများ ပုံမှန်ပြန်လည်ဖွင့်ခြင်းကြောင့် ဒေဝါလီခံသည့်လုပ်ငန်းများစာရင်းမှာ ရုတ်တရက်မြင့် တက်လာခြင်းဖြစ်ကြောင်း၊ ပထမ (၅) လအတွင်း ဒေဝါလီခံသည့် လုပ်ငန်းစာရင်းမှာ (၃၆၁၁) ခုရှိခဲ့ရာ ၂၀၁၉ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်လျှင် (၁၂.၅) ရာခိုင်နှုန်းရှိကြောင်း၊ အသနားခံလွှာလျှောက်ထားသည့် ကုမ္ပဏီ (၁၄၆) ခုရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် (၂၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဒေဝါလီခံမှုမှာ ယခုကာလတွင် အစပိုင်းသာရှိသေးပြီး နောင်လာမည့်လအနည်းငယ်အတွင်း ဒေဝါလီခံသည့် ကုမ္ပဏီများ များပြားလာမည်ဖြစ်ကြောင်း၊ ယခုအခါ အာဖရိကနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် COVID-19 ပြင်း ထန်စွာဖြစ်ပွားလျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လက်လီအရောင်းဆိုင်များနှင့် စား သောက်ဆိုင်လုပ်ငန်းများတွင် ထိခိုက်မှုများစွာရှိကြောင်း၊ ဟောင်ကောင်ဆိပ်ကမ်းမှ ကုန်ပစ္စည်းများစွာ အဓိကတင်ပို့သည့် အမေရိကန်နှင့် ဥရောပနိုင်ငံ များတွင် အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ဆဲဖြစ်သောကြောင့် ဟောင်ကောင်ဒေသ၏ ပို့ကုန်လုပ်ငန်းမှာ ထိခိုက်လျက်ရှိကြောင်း၊ အချို့သော လုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများ နိုင်ငံတကာသို့တင်ပို့ရန် ရပ်ဆိုင်းထားရသောကြောင့် ဝင်ငွေမရှိကြောင်း၊ လုပ်ငန်းများ ပိတ်သိမ်းမှုများ မြင့်တက် လာခြင်း၊ ဒေဝါလီခံမှုများမြင့်တက်လာပြီး အလုပ်လက်မဲ့နှုန်းများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် COVID-19 ဖြစ်ပွားမှု (၈.၄) မီလီယံရှိပြီး သေဆုံးသူ (၄၅၃,၈၀၀) ဦးရှိရာ ခရီးသွားလာမှုများ ကန့်သတ်ထားမှုများကြောင့် ပြည်တွင်းကုမ္ပဏီများသာမက ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီ များအပေါ် ကြီးမားသည့်ထိခိုက်မှုများ ရှိနေကြောင်း၊ နိုင်ငံများစွာတွင် နေအိမ်များမှ အလုပ်လုပ်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများမှာလည်း ကန့်သတ်ထားဆဲဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ကျဆင်းမှုကြောင့် အလုပ်လက်မဲ့များ မြင့်တက်လာမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ မေလအထိ ကဏ္ဍစုံမှ အလုပ်လက်မဲ့နှုန်းမှာ (၁၅) နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ငွေကြေးအကျပ် အတည်းကာလကထက် မြင့်မားကြောင်းဖော်ပြထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)
ရင်းမြစ် : South China Morning Post (20-6-2020)