Japan

ကုမ္ပဏီများအား ထောက်ပံ့နိုင်ရေး အမေရိကန်ဒေါ်လာ ၁ ထရီလီယံဝန်းကျင်အထိ ဂျပန်ဗဟိုဘဏ် တိုးချဲ့သုံးစွဲရန် ပြင်ဆင်နေ

Last Updated:

ဂျပန်ဗဟိုဘဏ် (Bank Of Japan)က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရသည့် ကုမ္ပဏီများအတွက် ထောက်ပံ့မှုကို အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ဝန်းကျင်အထိ တိုးချဲ့သွားရန် ပြင်ဆင်နေပါသည်။

ဗဟိုဘဏ်မှ မူဝါဒရေးဆွဲသူများက အဆိုပါကိစ္စအတွက်  အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး ကိုရိုနာဂယက်ရိုက်ခတ်မှုဒဏ်ခံစားရသည့် ကုမ္ပဏီများအတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုကို ယန်းငွေ ၇၅ ထရီလီယံ မှ ၁၁၀ ထရီလီယံအထိ တိုးမြှင့်ရန်  ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဘဏ္ဍာရေးအပိုင်းပံ့ပိုးမှုသည် အသေးစားနှင့် အလတ်စားကုမ္ပဏီများအတွက် ဘဏ်များက ပံ့ပိုးပေးနေသည့်  အတိုးမဲ့ချေးငွေဆိုင်ရာ အစီအစဉ်၏ ကျောထောက်နောက်ခံတစ်ခုသဖွယ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ဂျပန်ဗဟိုဘဏ်သည် စီးပွားရေးကို တွန်းအားပေးရန်အတွက် အစိုးရငွေချေးစာချုပ်များကို  အကန့်အသတ်မရှိဝယ်ယူမည့် ၎င်း၏အစီအစဉ်ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အတန်ပင် ဆိုးရွားနေသည့် အနေအထားဖြစ်နေပါကြောင်း၊ ထိုကဲ့သို့ဆိုးရွားမှု အနေအထားသည် အချိန်တစ်ခုအထိ ရှိနေနိုင်မည်ဟု  ဗဟိုဘဏ်က ခန့်မှန်းပြောကြားခဲ့ပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan