Thailand

ကျွမ်းကျင်သူများ၏ပြောကြားချက်အရ ထိုင်းနိုင်ငံမှာ ဒေသတွင်း၌ Covid-19 အထိခိုက်ဆုံးဖြစ်

Last Updated:

Covid-19၏ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများအပေါ် သက်ရောက်မှုများကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်မှုမှာဒေသတွင်းအကြီးမားဆုံးစီးပွားရေးကျဆင်းမှုအဖြစ် (၇.၈%) အထိ ကျဆင်းဖွယ်ရှိနေကြောင်း Asean+3 မက်ခရိုစီးပွားရေးသုတေသနရုံး(Amro)၏ ပြောကြားချက်အရ သိရှိရပါသည်။Amro’s ၏ စီးပွားရေးပညာရှင်အကြီးအကဲ Hoe Ee Khor က ၎င်းတို့အုပ်စု၏ ခန့်မှန်းချက်အရ အာဆီယံစီးပွားရေးတိုးတက်မှုသည် ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် (၄.၆%) မှ (၂.၆%)သို့ ကျဆင်းမည်ဟု  ခန့်မှန်းထားကြောင်း သိရှိရပါသည်။ အာဆီယံနှင့် ၎င်း၏ +၃ နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့အတွက် ပျှမ်းမျှတိုးတက်မှုနှုန်း သည်ပြီးခဲ့သည့်နှစ်က (၄.၈%) ရှိခဲ့ရာမှ ယခုနှစ်တွင် (၀%) သို့ ကျဆင်းနိုင်သည်ဟု Mr.Khor ကပြောကြားခဲ့ ပါသည်။

နိုင်ငံအတော်များများအနေဖြင့် ၎င်းတို့၏ စီးပွားရေးအခြေခံအဆောက်အဉီနှင့် ဗိုင်းရပ်စ်ကူးစက်မှုအပေါ် ၎င်းတို့အနေဖြင့် မည်ကဲ့သို့အောင်မြင်စွာကိုင်တွယ် ဆောင်ရွက်နိုင်သည်ဆိုသည့် အချက်များအပေါ်မူတည်၍ စီးပွားရေး ကျဆင်းနေမှုတို့ကို ကြုံတွေ့နေရကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံကဲ့သို့ အောင်မြင်မှုအရှိဆုံးနိုင်ငံများမှာပင် စီးပွားရေးတိုးတက်မှု (-၇.၈%) ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အကြောင်းမှာ ခရီးသွား လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင် မှီခိုမှုပြုထားသော ၎င်း၏စီးပွားရေးကြောင့်ဖြစ်ပြီး ၎င်းလုပ်ငန်းများအနေဖြင့် ကပ်ရောဂါကြောင့် ဆိုးဝါးစွာထိခိုက်ခံစားနေရခြင်းကြောင့်ဖြစ်ကြောင်း၊ Mr. Kor က “ The 2020 Asean +3 Regional Economimc Outlook” Virtual Media Briefing သတင်းစာရှင်းလင်းပွဲ အခမ်းအနား တွင်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၎င်းက ဒေသအနေဖြင့် ၁၉၉၇ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကာလမှစ၍ စီးပွားရေး အကျပ်အတည်း အကြီးမားဆုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း၊ သို့ရာတွင်  အဖွဲ့ဝင်(၁၀) နိုင်ငံပါဝင်သော အုပ်စုအနေဖြင့် ယခုကပ်ရောဂါဖြစ်ပွားမှု ကို ထိန်းချုပ်ရန်နည်းလမ်းတစ်ခုခုရှာတွေ့ပါက ပြန်လည် နာလန်ထူကာ ၂၀၂၁ ခုနှစ်တွင်စီးပွားရေးတိုးတက်မှု (၅.၇%)သို့ ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ၎င်းက အကယ်၍ အာဆီယံ(+၃) အနေဖြင့် ရောဂါကူးစက်မှု ကို လျှင်မြန်စွာထိန်းချုပ်နိုင်မည်ဆိုပါက လာမည့်နှစ်တွင် စီးပွားရေးအနေဖြင့်(၆%)အထိ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ယခုနှစ် ဒုတိယနှစ်ဝက်အတွက် မေးမြန်းမှုအပေါ် Amro မှ ဒေသဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အကြီးအကဲ Li Lian က များစွာသောနိုင်ငံတို့အနေဖြင့်ကပ်ရောဂါမပျံ့ပွားအောင် စီမံဆောင်ရွက်နိုင်ခဲ့ကြသော်လည်း အချို့မှာ ဒုတိယလှိုင်းကူးစက်မှုကို ကြုံတွေ့ကြရပြီး မသေမချာမရေမရာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

Mr.Khor က  (၂) နှစ်ကြာဖြစ်ပွားနေသော အမေရိကန်-တရုတ်ကုန်သွယ်ရေး တင်းမာမှုများအကြား ဘဏ္ဍာရေးအကျပ်အတည်များနှင့် ကပ်ရောဂါဖြစ်ပွားမှုတို့လည်း ပါဝင်လာခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။  ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများ ပြန်လည်တည်ထောင်ရေးနှင့် ပတ်သက်၍ Mr. Khor က ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုကို အနည်းဆုံးဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာ ကွဲပြားခြားနား ဖြန့်ကျက်မှုများ ပြုလုပ်ရန်နှင့် ၎င်းက ပိုမိုခံနိုင်ရည်ရှိလာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အကယ်၍ သတင်းရင်းမြစ်တစ်ခုထိခိုက်ပါက အခြားသောထောက်ပံ့ရေးအရင်းအမြစ်များရှိထားသင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ စင်္ကာပူ နိုင်ငံမှာ အကောင်းဆုံးသော ဉပမာဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်းတို့အနေဖြင့်မည်သည့်အစားအစာကိုမျှ မထုတ်လုပ်ကြောင်း၊ သို့ရာတွင်၎င်းတို့အနေဖြင့် ဒေသတွင်းရှိအခြားနိုင်ငံများမှ တင်သွင်းကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ Mr.Khor က အာဆီယံစီးပွားရေးအနေဖြင့် ကမ္ဘာတွင် အလျှင်အမြန်ဆုံးတိုးတက်မှုနှင့် အလယ်အလတ်တန်းအဆင့် လူဉီးရေတိုးတက်စေရန် အလားအလာကောင်းများရှိ‌နေကြောင်း ပြောကြားခဲ့ပါသည်။

 

Source:Bangkok Post     

( မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)                                                         

Category: Thailand