China(Nanning)

ကွမ်ရှီး Kunpeng ကို ဘီလီယံရာချီမည့် လုပ်ငန်းအစုအဖွဲ့အဖြစ် တည်ဆောက်သွားမည်ဖြစ်

Last Updated:

         ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် ဒစ်ဂျစ်တယ်ကွမ်ရှီးတည်ဆောက်မှု အရှိန်မြှင့် တင်ရန်နှင့် Kunpeng ဂေဟဗေဒတည်ဆောက်ရေးအတွက် အကောင်အထည်ဖော်မှု အစီအမံ တို့ကို ဒစ်ဂျစ်တယ်ကွမ်ရှီး Kunpeng ဆိုင်ရာဂေဟဗေဒဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာ လိုက်ပါသည်။

          “၁၃၂၁၁” ၏ အလုံးစုံခြုံငုံမိသော မဟာဗျူဟာ အခင်းအကျင်းကို အကောင်အထည်ဖော် ဆောင်သွားရန် Kunpeng အပါ် ကွမ်ရှီးက အလေးထားသွားမည်ဖြစ်ပါသည်။ “၁၃၂၁၁” ဆိုသည်မှာ ဒစ်ဂျစ်တယ်အစိုးရ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်လူမှုအသိုက်အဝန်းတို့ အပါအဝင် နယ်ပယ် (၃) ရပ်၌ ဒစ်ဂျစ်တယ်ပေါင်းစည်းမှုနှင့် တီထွင်ဆန်းသစ်မှုအသုံးချမှု တို့ကို ပိုမိုနက်နဲလာစေရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအခြေခံအဆောက်အအုံ မျိုးဆက်သစ်နှင့် ၎င်းကို အသုံးပြုမှုပုံစံအသစ်တို့အပါအဝင် အခြေခံ အဆောက်အအုံ အမျိုးအစား (၂) မျိုး ပူးပေါင်းဆောင်ရွက်ရေးပုံစံအသစ်တစ်ရပ်ဖန်တီးလျက် ဒစ်ဂျစ်တယ်စီးပွားရေးအသစ်အဖြစ် တည်ဆောက်သွားမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

          ကွမ်ရှီး  Kunpeng ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်သည့် အချိန်ကာလကို ရှင်းလင်းစွာ သတ်မှတ်ထားပါသည်။ အဓိကမှာ ၂၀၂၅ ခုနှစ်အတွက် Kunpeng  ဆော့ဖ်ဝဲလ်နှင့် အမာထည်ပစ္စည်းများဖြင့် Kunpeng ၎င်း၏ ဆက်စပ်လုပ်ငန်းများ၏ တန်ဖိုးမှာ ယွမ်ငွေ ဘီလီယံရာနှင့်ချီသည့် တန်ဖိုးရှိလာမည်ဖြစ်ကာ၊ တီထွင်ဆန်းသစ်မှု  စွမ်းဆောင်ရည်နှင့် လုပ်ငန်း ဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းမှာလည်း များစွာတိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ ကနဦးတွင် ကွမ်ရှီး၌ ဒစ်ဂျစ်တယ်စီးပွားရေးအသစ်တစ်ရပ်ဖြစ်ပေါ်လာရန် ဖြစ်ကာ ဒေသတွင်း၌ ဦးဆောင် သည့် နေရာသို့ ရောက်ရှိလာစေရန်နှင့် အာဆီယံ၏ လုပ်ငန်းအားလုံးနှင့် အခင်းအကျင်းအားလုံးကို ရင်ဆိုင်နိုင်စေရန် မျှော်မှန်းထားပါသည်။

          Kunpeng နည်းပညာစနစ်သည် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ အစိုးရနှင့် လူမှုအသိုက်အဝန်းတို့၏ ပေါင်းစည်းအသုံးပြုမှုကို ရရှိထားပြီးဖြစ်ပါသည်။ ဒေသတစ်ခု လုံးတွင် ဒစ်ဂျစ်တယ်အစိုးရ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်အသိုက်အဝန်းတို့၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် များစွာတိုးတက်ဖြစ်ထွန်းလျက် ရှိပါသည်။ ထို့ပြင် အာဆီယံအတွက် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးကျေးဇူးများ ဖော်ဆောင်လျက်ရှိပြီး၊ ဒေသတွင်း ဒစ်ဂျစ်တယ် စီးပွးရေး၏ နေရာသစ်ဖြစ်လာကာ၊ ဒစ်ဂျစ်တယ်ကွမ်းရှီ၏ ဆန်းသစ် တီထွင်ဖွံ့ဖြိုးမှုပုံစံသစ်ဖြစ်သည့် Kunpeng နည်းပညာစနစ်ကို ကနဦးစတင် တည်ဆောက်ထား နိုင်ပြီဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)