China(Nanning)

ကွမ်ရှီး၏ ပို့ကုန်သွင်းကုန်တန်ဖိုး ပိုမိုတိုးတက်လာသည်ကို ရှုမြင်နိုင်

Last Updated:

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်နှင့် သွင်းကုန်ကုန်သွယ်မှုအား ဆွေးနွေးရန် နန်နင်းအကောင်ခွန်ဌာနနှင့် ကွမ်ရှီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ဆွေးနွေးပွဲတစ်ရပ်ကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၁၉ ခုနှစ်အတွင်း ကွမ်ရှီး၏ စုစုပေါင်း ပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၄၆၇.၄၇) ဘီလီယံအထိ ရရှိခဲ့ပြီး၊ ယခင်နှစ်ကထက် (၁၄.၄)ရာခိုင်နှုန်းတိုးတက်လာကာ တစ်နိုင်ငံလုံး တိုးတက်မှုထက် (၁၁) ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း စာရင်းအချက်အလက်များက ဖော်ပြနေပါသည်။

၂၀၁၉ ခုနှစ်အတွင်း ကွမ်ရှီး၏ ပို့ကုန်ပမာဏမှာ ယွမ်ငွေ (၂၅၉.၇၁) ဘီလီယံသို့ ရောက်ရှိခဲ့ပြီး၊ ယခင်နှစ်ကထက် (၁၉.၄) ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ကွမ်ရှီး၏ သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၂၀၉.၇၆) ဘီလီယံသို့ ရောက်ရှိခဲ့ပြီး၊ ယခင်နှစ်ကထက် (၈.၇) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ကုန်သွယ်ရေး ပိုငွေပြမှုမှာ ယွမ်ငွေ (၄၉.၉၅) ဘီလီယံရှိခဲ့ပါ သည်။

ကွမ်ရှီး၏ ယေဘုယျ သွင်းကုန်နှင့် ပို့ကုန်ပမာဏမှာ (၂၀.၂) ရာခိုင်နှုန်း တိုးတက်လာကာ ယွမ်ငွေ (၁၆၅.၆၆) ဘီလီယံ အထိရှိခဲ့ပြီး၊ ကွမ်ရှီး၏ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှုပမာဏတွင် (၃၅.၃) ရာခိုင်နှုန်းပါဝင်ခဲ့သည့်အတွက် ကွမ်ရှီးရှိ ကုန်သွယ်ရေး ပုံစံမှာ ဆက်လက် တိုးတက်လာ လျက်ရှိပါသည်။ နယ်စပ်မှ ပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၁၄၈.၆၁) ဘီလီယံရှိခဲ့ပြီး၊ စုစုပေါင်း ပမာဏတွင် (၃၁.၇) ရာခိုင်နှုန်းပါဝင်ခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဟောင်ကောင်နှင့် ဥရောပနိုင်ငံများနှင့် ကွမ်ရှိးတို့၏ နိုင်ငံခြားကုန်သွယ်မှုမှာ လျင်မြန်စွာ တိုးတက်လာလျက်ရှိပါသည်။  လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း အာဆီယံသည် ကွမ်ရှီး၏ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်ဖြစ်ခဲ့ပြီး၊ ယမန်နှစ်က အာဆီယံနှင့် ပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၂၃၃.၄၇) ဘီလီယံသို့ ရောက်ရှိခဲ့ကာ (၁၃.၃) ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ကို တွေ့ရပါသည်။

နန်နင်းအကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး Deng Wenguang က အကောက်ခွန်ဌာန အနေဖြင့် ဆိပ်ကမ်း များ၌ စီးပွားရေးပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေခြင်းနှင့် အကောက် အခွန်လုပ်ထုံးလုပ်နည်းများကို ရိုးရှင်း လွယ်ကူစေခြင်း တို့ဖြင့် ကြီးမားသော အားထုတ်ကြိုးပမ်း မှုများကို ပြုလုပ်ခဲ့ကြောင်း ဆွေးနွေးခဲ့ပါသည်။

၂၀၁၉ ခုနှစ်အတွင်း နန်နင်းအကောက်ခွန်သည် အလုံးစုံအကောက်ခွန် ရှင်းလင်းသည့် ကြာမြင့်ချိန် အား (၄၁.၃၇) ရာခိုင်းနှုန်း လျှော့ချကာ (၁၃.၀၈) နာရီသာကြာမြင့်စေရန် တိုးတက် ဆောင်ရွက်နိုင်ခဲ့ပါသည်။  တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာ၌ အကောက်ခွန် ရှင်းလင်းသည့် ကြာမြင့်ချိန်မှာ (၄၁.၄) နာရီဖြစ်ပါသည်။

နန်နင်းအကောက်ခွန်ဌာနသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများကို ပိုမိုဆောင်ရွက် လျက်ရှိကာ ကွမ်ရှီးဆိပ်ကမ်းအား တံခါးလျက် မြှင့်တင်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

 

 

ရင်းမြစ် ၊ en.gxzf.gov.cn

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)