Japan

ဂျပန် စက်ပစ္စည်း အမှာစာများ ၁၂ % ကျဆင်းခဲ့

Last Updated:
ဂျပန်နိုင်ငံထုတ် အဓိကကျသည့် စက်ပစ္စည်းများကို ဝယ်ယူရေး အမှာစာများကို လအလိုက် တွက်ချက်ထားသည့်  အခြေခံစာရင်းအရ ပြီးခဲ့သည့် ဧပြီလ အတွင်းက မတ်လ၏ စာရင်းထက် ၁၂ % ကျဆင်းခဲ့ပါကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများထံမှ  စက်ပစ္စည်းဝယ်ယူရေး အမှာစာများသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၆.၉ ဘီလီယံခန့်ရှိှိပြီး အဆိုပါပမာဏသည် နှစ်လဆက်တိုက် အဝယ်ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့ရုံးက ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့ ပါသည်။ 
 ကုန်ထုတ်လုပ်ငန်းမဟုတ်သည့် စီးပွားရေးလုပ်ငန်းများထံမှ အမှာစာများသည် မတ်လက ထက် ၂၀.၂ % ကျဆင်းခဲ့ပြီး  ထိုစစ်တမ်းစတင်ဆောင်ရွက်ခဲ့သည့်  ၂၀၀၅ ခုနှစ်၊ ဧပြီလနောက်ပိုင်း ကာလများတွင် အနိမ့်ဆုံးသော ကျဆင်းခဲ့မှု ဖြစ်ကြောင်းသိရပါသည်။  ထိုသို့ ကျဆင်းခဲ့ခြင်းသည် အဓိကအားဖြင့် သယ်ယူ ပို့ဆောင်ရေးနှင့် စာတိုက်လုပ်ငန်းများ၊ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းများဆိုင်ရာ ဝယ်ယူရေးအမှာစာများ လျော့နည်းခဲ့ခြင်းကြောင့်လည်း ဖြစ်ကြောင်းသိရပါသည်။ 
ကိုရိုနာကပ်ရောဂါဂယက်ကြောင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု နှေးကွေးအားပျော့နေခြင်းကြောင့် စက်ပစ္စည်းများနှင့် ပတ်သက်သည့်ခန့်မှန်းချက်အား အစိုးရအဖွဲ့ရုံးက ၆ လအတွင်း အားနည်းနေမည့် အခြေအနေရှိကြောင်း လျော့ချပြင်ဆင် ခဲ့ကြောင်း သိရပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan