Japan

ဂျပန်နိုင်ငံ မြို့တော်တိုကျိုတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် လိုက်နာရ မည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့

Last Updated:

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားမှုကြောင့် အရေးပေါ်အခြေအနေကြေငြာချက် ထုတ်ပြန်ထားရှိရာမှ  ဂျပန်နိုင်ငံရှိ ခရိုင် ၄၇ ခု အနက် ၃၉ ခု၌ မေလ ၁၄ ရက်နေ့တွင် အဆိုပါကြေငြာချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ပထမဆုံးသီတင်းပတ် ကုန်ရက်ဖြစ်သည့်  မေလ ၁၆ ရက် (စနေနေ့) တွင် ဂျပန်နိုင်ငံရှိ အချို့နေရာ ဒေသများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ မြို့တော်တိုကျိုတွင် အရေးအပေါ်အခြေအနေကာလအတွင်း စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းထားရန် အစိုးရက တောင်းဆိုခဲ့ပြီး အရေးပေါ်အခြေအနေ ရုတ်သိမ်းမည်ဆိုပါက ဖြေလျော့ပေးရန် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သည့် စံချိန်စံညွှန်း သတ်မှတ်ချက်များကို တိုကျိုမြို့တော်ဝန် Ms. Koike Yuriko က ကြေငြာခဲ့ပါသည်။

Ms. Koike Yuriko က သီတင်းအပတ်တိုင်း ပျမ်းမျှအားဖြင့် တစ်ရက်တွင် ရောဂါ ကူးစက်ခံရသူအသစ် ၂၀ ဦးအောက်အထိ ကျဆင်းသွားရမည်ဖြစ်ပြီး၊ ကူးစက်မှုလမ်း ကြောင်း အသေအချာ မသိရသည့် ရောဂါကူးစက်မှုနှုန်းမှာ  ၅၀ % အောက် ကျဆင်းရမည် ဖြစ်ပါကြောင်း၊ ထို့အပြင်  သီတင်းပတ်တစ်ပတ်၏ ရောဂါကူးစက်မှုအသစ် အရေအတွက်ကလည်း ယခင်သီတင်းပတ်ကထက် လျော့နည်းရမည်ဖြစ်ပါကြောင်း၊ စံနှုန်းသတ်မှတ်ချက် ၃ ချက်နှင့် ပြည့်မီဘောင်ဝင်မှသာ ကျွမ်းကျင်သူများ၏ အမြင်နှင့် အခြားစံညွှန်း သတ်မှတ်ချက်များကို ထည့်သွင်းတွက်ချက်၍ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan