Japan

ဂျပန်နိုင်ငံက ဇန်နဝါရီမှ မတ်လအထိ ၃ လပတ် GDP ကို ပြင်ဆင်ခဲ့

Last Updated:

၂၀၁၉ ဘဏ္ဍာရေးနှစ်၏ နောက်ဆုံး ၃ လပတ်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေ သည် ယခင်ကကြိုတင်တွက်ဆထားသကဲ့သို့ ဆိုးရွားခြင်းမရှိကြောင်းကို အစိုး၏ ပြင်ဆင်ပြောင်းလဲ တွက်ချက်ခဲ့သော ကိန်းဂဏန်းများအရ  သိရပါသည်။

ဇန်နဝါရီလမှ မတ်လအထိ ၃ လပတ်ကာလအတွက် အမှန် GDP ကိန်းဂဏန်းသည်တစ်နှစ်စာ ပျမ်းမျှနှုန်းနှင့် နှိုင်းစာပါက အနှုတ် ၂.၂  % သို့  ကျဆင်းသွားခဲ့ကြောင်း၊ ကြိုတင်ခန့်မှန်းထားသည့် မေလတွင် အနှုတ်  ၃.၄ % ရှိမည်ဟူသည့် ကနဦးတွက် ဆမှုလောက် ဆိုးရွားခြင်းမရှိကြောင်း အစိုးရ အဖွဲ့ရုံးက သုံးသပ်ပြောဆိုခဲ့ပါသည်။

ယခုကဲ့သို့ ကြိုတင်ခန့်မှန်းမှုထက်သာလွန်သည့် ကိန်းဂဏန်းဖြစ်လာရသည်မှာ ကုမ္ပဏီများ၏  ပုံသေရင်းနှီးမြှုပ်နှံမှုရှိခြင်းက အဓိကအချက်ဖြစ်ပါကြောင်း၊ ယခင် ၃ လပတ်ကာလကထက် ၁.၉ %ခန့် မြင့်မားလာခဲ့ကြောင်းကို  အခုတွက်ချက်ရရှိသည့်  ကိန်းဂဏန်းများက သက်သေပြသနေပါကြောင်း ဆိုပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တုံ့ပြန်ရန် ဆေးဘက်ဆိုင်ရာကိရိယာများ ထုတ်လုပ်ရေး အတွက် ကုမ္ပဏီများက ငွေကြေးပိုမို သုံးစွဲလာကြခြင်းသည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ပါကြောင်း၊  သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလမှ ဇွန်လအထိ ၃ လပတ်ကာလတွင်  အနှုတ် လက္ခဏာပြန်လည်သက်ရောက်နိုင် ပါကြောင်း ပြန်ဖြစ်လာလိမ့်မယ်လို့ စီးပွားရေးကျွမ်းကျင်သူများက တွက်ချက်သုံးသပ်ကြပါသည်။

အချို့သော ပုဂ္ဂလိကအဖွဲ့အစည်းများက မကြာသေးမီက နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးထိခိုက်ခဲ့ရမှုသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေး အကျပ် အတည်းအလွန် ကာလကထက်ပင်  ပိုမိုဆိုးရွားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan