Japan

ဂျပန်နှင့် ဗြိတိန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ရရှိခဲ့

Last Updated:

ဂျပန်နိုင်ငံသည်  ဗြိတိန်နိုင်ငံနှင့် စီးပွားရေးမိတ်ဖက်သဘောတူစာချုပ်နှင့် ပတ်သက်၍ ကျယ်ပြန့်သည့် သဘောတူညီချက်ကိုရခဲ့ကြောင်း သိရပါ သည်။  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့တွင် အဆိုပါသဘောတူစာချုပ်ကို အသက်ဝင်စေရန် နှစ်ဘက်စလုံးက ရည်ရွယ်ထားပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Motegi Toshimitsu နှင့် ဗြိတိန် နိုင်ငံတကာကုန်သွယ်ရေး အတွင်းရေးမှူး Ms. Elizabeth Truss တို့သည် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးထွက်ကုန်များအပေါ် အခွန်ကောက်မှုအပါအဝင် ကျန်နေသေး သော မပြီးပြတ်သေးသည့် ကိစ္စရပ်များကို နှစ်ဘက်အရာရှိများအကြား ဘုံအခြေခံ သဘောတူညီမှုများ ရရှိခဲ့ကြပါသည်။

အီလက်ထရောနစ်ကုန်သွယ်ရေးနှင့် အခြားကိစ္စရပ်များအတွက် စည်းမျဉ်းသတ်မှတ်ချက် များနှင့်ပတ်သက်၍လည်း နှစ်ဘက်သဘောတူညီမှုရခဲ့ပြီး ထိုသို့သဘောတူညီမှုများသည် ဂျပန်နှင့် ဥရောပသမဂ္ဂအကြားရှိ စီးပွားရေး မိတ်ဖက်သဘောတူညီချက်ထက် ပိုပြီးပြည့်စုံမှုရှိကြောင်း Mr. Motegi က ဆိုပါသည်။  

အဆိုပါ သဘောတူညီချက်ကြောင့် ဂျပန်နှင့် ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးတက်စေမည်ဟု ယုံကြည် ပါကြောင်းကိုလည်း Mr. Motegi က ထည့်သွင်း ပြောကြားခဲ့ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan