Japan

ဂျပန်အစိုးရက စီးပွားရေးပိုင်းမြှင့်တင်မည့် စီမံချက်များ ချမှတ်လုပ်ဆောင်ရန် ပြင်ဆင်နေ

Last Updated:

ဂျပန်အစိုးရက  ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးအပေါ်ဆိုးကျိုးသက်ရောက်မှုများကို တုန့်ပြန်နိုင်ရန်အတွက် စီးပွားရေးအပိုင်း မြှင့်တင်ဆောင်ရွက်မည့် အရေးပေါ်စီမံချက်တွေကို အမြန်ဆုံးရေးဆွဲချမှတ်ရန် စီစဉ်နေကြောင်း ပြောဆိုခဲ့ပါသည်။

အဆိုပါ စီမံချက်များအနက် အကျပ်အတည်းဖြစ်ပေါ်နေသည့် အိမ်ထောင်စုများ ကို  အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့မှုများ ပါဝင်မည်ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းအပေါ် ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ဆောင် ရွက်ခဲ့ရသည့် အစီအမံများထက် ပမာဏပိုမိုများပြားနိုင်မည်ဖြစ်ကြောင်း ဆိုပါ သည်။

ဂျပန်နိုင်ငံ၏ Minister in charge Economic Revitalization ဖြစ်သူ Mr.Yasutoshi Nishimura က ဂျပန်ရုပ်မြင်သံကြားအစီအစဉ်တစ်ခု၏ မေးမြန်း ခန်းတစ်ခုတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် ကိုရိုနာ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပါကြောင်း၊ ၎င်းတို့အနေဖြင့် ဝင်ငွေရုတ်တရက်လျော့နည်းကျဆင်းသွားခြင်းကြောင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအပေါ် ငွေကြေးထောက်ပံ့မှုများ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

အရေးပေါ်အခြေအနေကြေညာချက်ထုတ်ပြန်ရေး ဆုံးဖြတ်မှုနှင့် ပတ်သက်၍ ဝန်ကြီး Mr. Yasutoshi Nishimura က အစိုးရအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်သည့်ကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်နေ ပါကြောင်း၊ အကယ်၍ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီဆိုပါက စီရင်စုဒေသ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများကို အိမ်ပြင်မထွက်ကြရန်၊ လူအများ စုဝေး နိုင်သောနေရာများ ရှောင်ကြဉ်၍  လူစုလူဝေး မပြုလုပ်ကြရန်၊ အဆောက်အဦများ ပိတ်သိမ်းရန် တောင်းဆိုခွင့်/ညွှန်ကြားခွင့်များ ဆောင်ရွက်ခွင့်ရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan