Japan

ဂျပန်အစိုးရက နိုင်ငံအတွင်း ဆေးကုသမှုပစ္စည်းကိရိယာပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစား

Last Updated:

နိုင်ငံအတွင်း ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းနှင့် ဝတ်စုံများ လိုအပ်နေသည့် ဆေးရုံများထံ အဆိုပါ ဆေးပစ္စည်များ ဦးစားပေးဖြန့်ဝေပေးရန် ဆောင်ရွက်နေသည့် အစီ အစဉ်ကို  ဂျပန်ဝန်ကြီး ချုပ် Mr. Shinzo Abe က ပြောကြားခဲ့ပါသည်။ ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရ၏ ကိုရိုနာကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေး၌ ဆေးဝါးကုသမှုတွင် အသုံးပြုသည့် အကာအကွယ်သုံးပစ္စည်းကိရိယာများ ပြတ်လပ်နေမှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုပိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေသော်လည်း ပြတ်လပ်မှုများ မြင့်တက်ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ ကာကွယ်ဆောင်ရွက်နေကြသည့် ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနများအတွက် ဆေးဝါးသုံးပစ္စည်း ကိရိယာ များပေးပို့ရန်နှင့် အကျိုး ရှိရှိအသုံးချဆောင်ရွက်ကြရန် ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေကြသူများကို ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုလိုက်ပါသည်။

အရေးပေါ်ကာလသတ်မှတ်ပြီး ကျောင်းများယာယီပိတ်ထားပြီး ပြည်သူများနေအိမ်တွင် နေထိုင်ကြရန် အစိုးရက တောင်းဆိုလိုက်ပြီးနောက်ပိုင်း မိသားစုများအကြား စိတ်ဖိစီးမှုများနှင့် ကလေးများအပေါ် နှိပ်စက်ညှင်းပန်းမှုများ၊ အိမ်တွင်း အကြမ်း ဖက်မှုများ တိုးလာနေသည့်အတွက် လည်း စိုးရိမ်မိပါကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးရန်လာမည့် သီတင်းပတ်မှစ၍ အင်တာနက်စာမျက်နှာ၊ အီးမေးလ်နှင့် တယ်လီဖုန်းတို့မှ ၂၄ နာရီအရေးပေါ် ဆွေးနွေးနိုင်သည့် အကြံပေးဝန်ဆောင်မှုကို စတင်ဆောင်ရွက်ပေးရန် ပြင်ဆင်နေပါကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

 

Category: Japan