Japan

ဂျပန်အစိုးရအနေဖြင့် အရေးပေါ်အခြေအနေကိုမေလ ၆ ရက်နေ့တွင် အပြီးရုတ်သိမ်းနိုင်ဖွယ်မရှိ

Last Updated:

ရောဂါပိုးကူးစက်မှုသည် မျှော်လင့်ထားသည့် အတိုင်းသိသိသာသာ လျော့ကျလာခြင်း မရှိသေးသဖြင့် အရေးပေါ်အခြေအနေသတ်မှတ်သည့် ကာလစေ့ရောက်မည့် မေလ ၆ ရက်နေ့တွင် အပြီးသတ် ရုတ်သိမ်းနိုင်မည့် အလားအလာမရှိသေးကြောင်း ဂျပန်အစိုးရအရာရှိများအကြား ခန့်မှန်းနေကြပါသည်။

ဂျပန်အစိုးရက ဧပြီလ ၇ ရက်နေ့တွင် မြို့တော်တိုကျိုအပါအဝင် စီရင်စုဒေသ ၇ ခုနှင့် ဧပြီလ ၁၆ ရက်နေ့တွင် တစ်နိုင်ငံလုံးအား အရေးပေါ်အခြေအနေကို တိုးမြှင့် ကြေငြာခဲ့ပြီး နိုင်ငံတစ်ဝှမ်းလုံး၏ အနေအထားကို စောင့်ကြပ်ကြည့်ရှုနေခဲ့ပါသည်။

လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှုကို ၈၀ % အထိလျော့ချနိုင်ခြင်းရှိ/မရှိ၊ ဆေးဝါးကုသမှုကိစ္စရပ်များ၊ ကုသသည့်နေရာများ၏ အနေအထားတို့ကို စောင့်ကြပ်ကြည့်ရှုကာ ကျွမ်းကျင်သူများ၏ အကြံပြုချက်ကို ကြားနာပြီးမှ အရေးပေါ်အခြေအနေ ရုတ်သိမ်းခြင်း/ ဆက်လက်ထားရှိခြင်း တို့ကိုဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် ဂျပန်နိုင်ငံအတွင်း ကူးစက်မှုနှုန်း လျော့ကျလာခဲ့သော်လည်း အိုဆာကာတွင် ကူးစက်မှုနှုန်းမှာ မျှော်မှန်းထားသလောက် လျော့ကျသွားခြင်း မရှိပါကြောင်းဟု စီးပွားရေး ပြန်လည်အားကောင်းလာရေးဝန်ကြီး Mr. Nishimura Yasutoshi က ပြောကြားခဲ့ပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan