Japan

ဂျပန်၏ အထင်ကရ လက်လီအရောင်းကုန်စုံဆိုင်ကြီး ၄ ခု သည် ကိုရိုနာကပ်ရောဂါဂယက်ကြောင့် စီးပွားရေးအထိနာခဲ့

Last Updated:

ဂျပန်၏ အထင်က လက်လီအရောင်း ကုန်စုံဆိုင်ကြီး  ၄ ခုဖြစ်သည့် Daimaru and Matsuzakaya stores ၊ Takashimaya ၊ Sogo & Seibu နှင့် Matsuya တို့သည် ပြီးခဲ့သည့် မတ်လမှ မေလအတွင်းကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားနေမှုကြောင့် လုပ်ငန်း ဆောင်ရွက်မှုများစွာ ထိခိုက်ခံခဲ့ရကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန် ခဲ့သည့်၎င်းတို့၏ လုပ်ငန်းအစီရင်ခံစာများအရ သိရပါသည်။

အဆိုပါ လက်လီစီးပွားရေးလုပ်ငန်းကြီး ၄ ခုအနေဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်ကာလတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုဝင်ငွေ သိသိသာသာ လျော့ကျခဲ့ပြီးလာမည့် ၂၀၂၁ ၊ ဖေဖော်ဝါရီလထိ နာလန်ထူရန် ခက်ခဲနေမည်ဖြစ်ကြောင်း  သုံးသပ်ခန့်မှန်းထားပါသည်။

အဆိုပါ လက်လီစီးပွားရေးလုပ်ငန်းကြီး ၄ ခု အနက် တစ်ခုအပါအဝင်ဖြစ်သည့် Daimaru and Matsuzakaya stores ကို စီမံခန့်ခွဲနေသည့် J. Front Retailing Co., သည် ယခုနှစ်တွင် လုပ်ငန်းလည်ပတ်မှုမှ အရှုံး ယန်း ၂၇. ၁ ဘီလီယံအထိ အမြင့်ဆုံး ပမာဏရောက်ရှိနိုင်ပါကြောင်း၊ ယခင်နှစ်တွင် ၎င်းတို့စီးပွားရေးလုပ်ငန်းမှ အမြတ်ငွေ ယန်း ၁၂. ၇ ဘီလီယံ ရရှိခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

အခြားလက်လီစီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် Takashimaya Co., အနေဖြင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုမှ အရှုံး ၊ ယန်း ၇.၃ ဘီလီယံ၊ Seven & i Holdings Co., ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Sogo & Seibu Co., သည် အရှုံး ၊ ယန်း ၁.၂ ဘီလီယံ၊ Matsuya Co. အနေဖြင့် အရှုံး၊ ယန်း ၉၅၉ မီလီယံ ခန့်ရှိမည်ဖြစ်ကြောင်း သိရပါသည်။

Takashimaya သည် သာမန်ထက်ပိုသည့် ဆုံးရှုံးမှု (ကိုရိုနာပြန့်ပွားချိန်အတွင်း ဆိုင်ပိတ် သိမ်းခဲ့ရသည့်အတွက် ဆုံးရှုံးမှု၊ နစ်နာကြေးပေးရမှုများ အပါအဝင်) ယန်း ၈.၅ ဘီလီယံ ခန့်အထိ ရှိခဲ့ကြောင်း၊ Matsuya အနေဖြင့် အထူးထိခိုက်ဆုံးရှုံးမှုသည် ယန်း ၁.၃ ဘီလီယံခန့် ရှိကြောင်း သိရပါသည်။

လက်ရှိတွင် လက်လီစတိုးဆိုင်ကြီးများ ပြန်လည်ဖွင့်လှစ်နေသော်လည်း နိုင်ငံတကာမှ ခရီးသွားများဝင်ရောက်မှုမရှိသည့်အတွက် ဆိုင်များ၏ ရောင်းအားမှာ ကျဆင်းနေ ဆဲဖြစ်ပါသည်။ Matsuya မှ ပြောရေးဆိုခွင့်ရှိသူက လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းသည် ဆက်လက်တည်ရှိမည်ဟု မျှော်မှန်းထားကြောင်း ဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan