Japan

ငွေသားမဲ့ငွေပေးချေမှု (cashless payment) ကိုချဲ့ထွင်ရန်နှင့် ဘဏ်အချင်းချင်း ဝန်ဆောင်ခ လျှော့ချရန် ဂျပန်ဝန်ကြီးချုပ် ညွှန်ကြားခဲ့

Last Updated:

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသော အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက် ပြင်ဆင်ဆောင်ရွက်မှုနှင့် ပတ်သက်သည့်  အစိုးရအဖွဲ့ အစည်းအဝေးတွင် ဘဏ်များအနေဖြင့် ဘဏ်တစ်ခုမှတစ်ခုသို့ ငွေလွှဲပါက ပေးဆောင်ရသည့် ဝန်ဆောင်ခလျော့ချရန် နှင့် အခြေခံကျသော လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ရန် ဘဏ္ဍာရေးဝန်ကြီးအား ညွှန်ကြားခဲ့ပါသည်။

ဂျပန်ဘဏ်များအကြား ပြုလုပ်ခဲ့သည့် ညှိနှိုင်းမှုများမှတစ်ဆင့် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည့်  ပြည်သူများအကြား စမတ်ဖုန်းအသုံးပြုသည့် ငွေသားမဲ့ငွေပေးချေမှု နည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာရေးအတွက် ငွေသားမဲ့ငွေပေးချေမှု ဝန်ဆောင်ခကို ဘဏ်များက လျော့ချပေးခြင်းဖြင့် အသုံးပြုမှုကို တိုးတက်လာစေရေး အကောင်အထည်ဖော်ရန် ဖြစ်ပါ သည်။

ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည့်အချိန်တွင် ပြည်သူများအကြား ငွေသားမဲ့ပေးချေမှုသည်  တိုးတက်လာသည်ကို တွေ့ရပြီး ဂျပန်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ဘဏ်များအကြား ရှင်းလင်းသည့်စနစ်ဖြင့် သင့်တော်သည့်ဝန်ဆောင်မှုနှုန်း စနစ်အသစ်ဖြင့် အကောင်အထည်ဖော်ရန် စီစဉ်နေပါသည်။ ထိုအပြင် ဘဏ်လုပ်ငန်း နယ်ပယ် ပြင်ပရှိလူများ၏ ပါ၀င်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန်ကိုလည်း စီစဉ်နေပြီး ဘဏ်များအကြား ငွေပေးချေမှုစနစ်၏ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရပါသည်။  

 

 

ရင်းမြစ်။ The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun, The NHK World.

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan