Singapore

စင်ကာပူတွင် "Price Kaki" ဟု အမည်ပေးထားသည့် လက်ကိုင်ဖုန်း အပလီကေးရှင်း ဖြင့် ကုန်စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်နိုင်

Last Updated:

စင်ကာပူနိုင်ငံတွင် စီးပွားရေးနှင့်လူမှုရေးဆောင်ရွက်ချက်များကို အဆင့်လိုက် ခွင့်ပြု ပေးနေသောကာလအတွင်း စျေးဝယ်သူများအနေဖြင့် စျေးဝယ်မထွက်မီ မိမိတို့နေအိမ် များမှပင် သက်တောင့်သက်သာဖြင့် တစ်နိုင်ငံလုံးရှိ စူပါမားကက်အမျိုးမျိုးမှ ကုန်ပစ္စည်း စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်နိုင်သော "Price KaKi" ဟု အမည်ပေးထားသည့် လက်ကိုင် ဖုန်း App ကို ၂၆ - ၆- ၂၀၂၀ ရက်နေ့မှစ၍ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

"Price KaKi" ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရှေ့ပြေးစီမံကိန်းအဖြစ် စတင် ပြုလုပ်ခဲ့စဉ်က မြို့နယ် ၃ ခုရှိ စူပါမားကက် ၃၁ မှ ကုန်ပစ္စည်းစျေးနှုန်းများကိုသာ နှိုင်းယှဉ်ကြည့်ရှုနိုင်ခဲ့သော်လည်း ယခုအခါ FairPrice ၊ Giant ၊ Prime နှင့် Sheng Siong စသည့် အဓိကစူပါမားကက်ကြီးများအပါအဝင် စူပါမားကက်စုစုပေါင်း ၂၇၈ ခုမှ နေ့စဉ်မရှိ မဖြစ်သုံးစွဲရန်လိုအပ်သော ကြက်ဥ၊ နွားနို့၊ ဆန် စသည့် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၄၀၀၀ ကျော်တို့၏ စျေးနှုန်းအချက်အလက်များနှင့် စားသောက်ဆိုင်စင်တာ (Hawker Centre) ၉၄ ခုမှ ချက်ပြုတ်ပြီးအစားအစာများ၏စျေးနှုန်းများအား ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း စင်ကာပူ စားသုံးသူများအသင်း (Consumers Association of Singapore - Case) က  သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

          အသင်းသည် အပလီကေးရှင်းတွင် နောက်ဆုံးစျေးနှုန်းအချက်အလက်များ ဖြစ်ပေါ် နေစေရန် စူပါမားကက်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး၊ ကျန်ရှိနေသော စားသောက် ဆိုင်စင်တာများကိုလည်း အပလီကေးရှင်းတွင် ပိုမိုထည့်သွင်းသွားနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ သို့ရာတွင် စျေးဝယ်သူများအနေဖြင့်  ယင်းအပလီကေးရှင်းတွင် စာရင်း မဖော်ပြထားသော အရောင်းမြှင့်တင်ရေးပြုလုပ်လျက်ရှိသည့် ကုန်ပစ္စည်းများ၏ စျေးနှုန်း ကွဲလွဲမှုအခြေအနေများကို ကြုံတွေ့ရပါကလည်း စျေးနှုန်းအမှန်အား အပလီကေးရှင်းမှ တစ်ဆင့် ကိုယ်တိုင်တင်ပြနိုင်ကြောင်း သိရှိရပါသည်။

"Price KaKi" အပလီကေးရှင်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စားသုံးသူများ၏ ရွေးချယ်ဝယ်ယူသုံးစွဲခွင့်ရှိမှုအပေါ် အသိပညာပေးနိုင်ရန်နှင့် စားသုံးသူများ အနေဖြင့် ယခုကဲ့သို့ ရောဂါဖြစ်ပွားနေသောကာလအတွင်း အိမ်တွင်း၌ ချက်ပြုတ် စားသောက်ခြင်းနှင့် စျေးဝယ်ထွက်ခြင်းတို့ကို ပိုမိုပြုလုပ်ကြရသည်ဖြစ်ရာ နေ့စဉ်လိုအပ် သောစားသောက်ကုန်များ၏ စျေးနှုန်းများကို နှိုင်းယှဉ်လျက် မိမိတို့၏ ဝင်ငွေအား ပိုမိုချွေတာစွာသုံးစွဲသွားနိုင်ရေး အထောက်အကူပြုမည်ဖြစ်ကြောင်း Case ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ  Melvin Yong က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ်။        ။  The Straits Times

Category: Singapore