Singapore

စင်ကာပူတွင် လျှပ်စစ်မော်တော်ကားအစီးရေ ၄.၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့

Last Updated:

စင်ကာပူနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်များကို ပြောင်းလဲအသုံးပြုမှုတိုးတက်လာစေ ရေးအတွက် မက်လုံးပေးသောအစီအစဉ်ဖြစ်သည့် Electric Vehicle Early Adoption Incentive Scheme အရ လျှပ်စစ်စွမ်းအင် ၁၀၀ ရာခိုင်နှုန်းအသုံးပြုသောမော်တော်ကားများကို ဝယ်ယူသူ များသည် ၎င်းတို့မှပေးဆောင်ရသော မော်တော်ကားမှတ်ပုံတင်ကြေး၏ ၄၅ ရာခိုင်နှုန်းအထိ (အများဆုံး စင်ကာပူဒေါ်လာ ၂၀,၀၀၀ အထိသာ) ပြန်အမ်းငွေများရရှိခဲ့ကြကြောင်း၊ ဤအစီအစဉ် ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ နှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၁ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သော လျှပ်စစ်ကား ,၆၃၆ စီးအတွက် စင်ကာပူဒေါ်လာ သန်း ၃၀ ကို ပြန်အမ်းငွေအဖြစ် ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ်အတွင်း၌မှတ်ပုံတင်ခဲ့သော လျှပ်စစ်ကား အရေအတွက်မှာ ယခင်နှစ်ထက် . ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။ 

ထို့ပြင် ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်အားသွင်းသည့် EV charging points အသစ် ၃၀၀ ခန့်ကို တည်ဆောက်နိုင်ခဲ့သဖြင့် လက်ရှိအချိန်၌ စင်ကာပူတွင် EV charging points စုစုပေါင်း ,၂၀၀ ခန့်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအနှံ့ EV charging points စုစုပေါင်း ၆၀,၀၀၀ အထိ တည်ဆောက်သွားနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး၊ လျှပ်စစ်မော်တော်ယာဉ်များကို ကျွမ်းကျင်စွာပြုပြင်ထိန်းသိမ်းနိုင်သောလုပ်သားများလိုအပ်လာသဖြင့် မော်တော်ယာဉ်ပြင်ဆင် သောလုပ်သားဦးရေ အနည်းဆုံး ,၀၀၀ ဦးကိုလည်း လာမည့် နှစ်အတွင်း သင်တန်းပေးသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။             The Straits Times

Category: Singapore