Singapore

စင်ကာပူနိုင်ငံရှိ အနုစိတ်အင်ဂျင်နီယာလုပ်ငန်းများက အလုပ်အကိုင်၊ အလုပ်သင်နှင့် သင်တန်းအခွင့်အလမ်းပေါင်း ၁,၅၀၀ ကို ကမ်းလှမ်းခဲ့

Last Updated:

၂၀၂၀ ခုနှစ်၊ ဧပြီလမှစ၍ စင်ကာပူရှိ အနုစိတ်အင်ဂျင်နီယာလုပ်ငန်း (Precision Engineering Firm) ၂၇၀ ကျော်သည် "SGUnited Jobs and Skills Package" အစီအစဉ်အရ အလုပ်အကိုင်၊ အလုပ်သင်နှင့် သင်တန်းအခွင့်အလမ်းပေါင်း ,၅၀၀ ကို ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါသည်။

အလုပ်အကိုင်ကမ်းလှမ်းမှု ၉၈၀ ဦး၊ အလုပ်သင်နှင့်တွဲဖက်ခန့်ထားခြင်းအတွက် ၄၄၀ ဦးနှင့် သင်တန်းအခွင့်အလမ်းအတွက် ၈၀ ဦးတို့ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး၊ ၁၀ ဦး လျှင် ဦးမှာ ကျွမ်းကျင်သူ၊ မန်နေဂျာ၊ အမှုဆောင်နှင့် နည်းပညာရှင် စသည့် အလုပ်အကိုင်နေရာများအတွက် ကမ်းလှမ်းခြင်းဖြစ်ပါသည်။ အလုပ်အကိုင်အတွက် လုပ်ခလစာမှာ ကျွမ်းကျင်မှုလိုအပ်ချက်အပေါ် မူတည်၍ စင်ကာပူဒေါ်လာ ,၅၀၀ မှ ,၀၀၀ အထိရရှိနိုင်ကြောင်း၊ ၂၀၂၀ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း အလုပ်အကိုင်ရှာဖွေသူ ၂၆၀ ကျော်သည် ဤလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ဤလုပ်ငန်းကဏ္ဍသည် လက်ရှိ စီးပွားရေးကျဆင်းနေသော ကာလ အတွင်းမှာပင် ၂၀၂၀ ခုနှစ်၊ ပထမ () လအထိ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၁. ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ကိုဗစ်ကာလအတွင်း ရောဂါရှာဖွေရေးကိရိယာ များနှင့် အသက်ရှူစက်များ၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဆေးပညာဆိုင်ရာနည်းပညာနှင့် ဆီမီးကွန်ဒပ်တာလုပ်ငန်းကဏ္ဍရှိ လုပ်ငန်းများ၏ ထုတ်လုပ်မှု တိုးတက်ခဲ့ကြောင်း၊ ပြည်တွင်းအလုပ်အကိုင်အခြေအနေနှင့်စပ်လျဉ်း၍ လူ့စွမ်းအားဝန်ကြီးဌာနသည် သြဂုတ်လလယ်မှစတင်ကာ အပတ်စဉ်သတင်းထုတ်ပြန်လျက် ရှိရာ ယခုအခါ () ကြိမ် မြောက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်     Channel News Asia

Category: Singapore