Singapore

စင်ကာပူရှိ ပုဂ္ဂလိကပိုင်းနှင့် ဘဏ်လုပ်ငန်းများကလည်း Covid-19 ရောဂါပိုးကြောင့် ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများအား ကူညီပံ့ပိုးပေးမည့် အစီအမံများထုတ်ပြန်

Last Updated:

စင်ကာပူရှိ ပုဂ္ဂလိကကဏ္ဍနှင့် ဘဏ်များကလည်း Covid-19 ရောဂါပိုး ကူးစက်မှုဖြစ်ပေါ်ခြင်းကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်များကို ထောက်ပံ့ကူညီပေး နိုင်မည့် သက်သာချောင်ချိရေးအစီအမံများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

United Overseas Bank (UOB) ဘဏ်သည် ရောဂါဖြစ်ပွားမှုကြောင့် အကျိုးစီးပွား ထိခိုက်မှုရှိသော စင်ကာပူရှိ ၎င်း၏ ဖောက်သည်ကုမ္ပဏီများကို အထောက် အကူပြုပေးနိုင်ရန်အတွက် စင်ကာပူဒေါ်လာ ၃ ဘီလီယံအား သီးသန့်ခွဲဝေထားပြီး၊ လုပ်ငန်း လည်ပတ်နိုင်ရန် ရင်းနှီးငွေကို စင်ကာပူဒေါ်လာ ၅ သန်းအထိလည်း ကောင်း၊ အပေါင်စာချုပ်ဖြင့် ငွေချေးယူခြင်း၊ ချေးငွေအရင်းနှင့် အတိုးနှုန်းများအား ပြန်လည်ပေးဆပ်ရမည့်ကာလတို့ကို ပြင်ဆင်ပေးခြင်းစသည့် အစီအမံများဖြင့် ပံ့ပိုးပေးသွားမည်ဖြစ် ပါသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သော StarHub ကလည်း ၎င်း၏ဖောက်သည်လုပ်ငန်းများ အထူးသဖြင့် SMEs များ၏ ရုံးဝန်ထမ်းများအနေဖြင့် ရောဂါဖြစ်ပွား သည့် ကာလအတွင်း ရုံးတက်ရန်မလိုဘဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား နိုင်ရန် အကူအညီပေးနိုင်သော SmartUC Mobile အပလီကေးရှင်းအား စက်တင်ဘာလ ၁ ရက်နေ့အထိ အခမဲ့မှတ်ပုံတင်၍ အသုံးပြုဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ARA Asset Management ၊ The Straits Trading Company နှင့် အိမ်ခြံမြေလုပ်ငန်း JL Family Office တို့ကလည်း စင်ကာပူဒေါ်လာ ၅ သန်းဖြင့် ရန်ပုံငွေ ထူထောင်၍ SMEs များအတွက် လုပ်ငန်းလည်ပတ်ရန်အရင်းအနှီးအဖြစ် (၆) လချေးငွေ စင်ကာပူ ဒေါ်လာ ၅ သောင်းအထိ၊  တစ်လအတိုးနှုန်း ၀.၅ ရာခိုင်နှုန်းဖြင့် ရယူနိုင်ရန် ကူညီပေးမည်ဖြစ်ပါသည်။

OCBC ဘဏ်ကလည်း စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုစျေးကွက်များမှ ၎င်း၏ ဖောက်သည်လုပ်ငန်းများကို ချေးငွေပြန်လည်ပြင်ဆင် ပေးခြင်း၊ ချေးငွေအရင်းပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ပေးခြင်း၊ ကုန်သွယ်မှုအတွက် ဘဏ်ဝန်ဆောင်မှုများအပေါ် ငွေတောင်းခံသည့်ကာလများကိုလည်း နောက် ဆုတ်ပေးခြင်း၊ လုပ်ငန်းအတွက် ရင်းနှီငွေထုတ်ချေးပေးခြင်းတို့ဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

Standard Chartered ဘဏ်သည် ချေးငွေကာလကို တိုးမြှင့်ပေးခြင်း၊ အရင်းငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို တစ်နှစ်အထိ ဆိုင်းငံ့ပေးခြင်း၊ ကုန်သွယ်မှု အတွက် ဘဏ်ဝန်ဆောင်မှုများ အပေါ် ငွေတောင်းခံသည့်ကာလကိုလည်း ထပ်တိုးပေးခြင်း၊ နောက်ကျကြေးနှင့် အခြားအခကြေးငွေ များကိုလည်း ကင်းလွတ်ခွင့်နှင့် အပေါင်ခံပစ္စည်းထက် ပိုမိုသော ချေးငွေများ ရယူနိုင်ခြင်းနှင့် ဘဏ်စာရင်းငွေထက် ပိုထုတ်ယူနိုင်ခြင်း စသည့်အစီအစဉ်များဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

မလေးရှားဘဏ်ဖြစ်သော CIMB ၏ စင်ကာပူဘဏ်ခွဲကလည်း လုပ်ငန်းများ၏ ငွေသားစီးဆင်းမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ငွေချေးသူများထံမှ ကာလရှည်ချေးငွေများ ရရှိနိုင်စေရန် ကူညီပေးသွားမည်ဖြစ်ပါသည်။

စင်ကာပူအစိုးရ၏ DBS ဘဏ်သည် SMEs ချေးငွေများအတွက် (၆) လအထိ ချေးငွေအရင်း ပြန်ပေးဆပ်မှုကို ဆိုင်းငံ့ပေးခြင်း၊ သွင်းကုန်အတွက် ဘဏ်ဝန်ဆောင်မှု နှင့်ပတ်သက်၍ ငွေတောင်းခံမှုကို (၂) လအထိ ထပ်တိုးပေးခြင်း၊ တက္ကဆီယာဉ်မောင်း များနှင့် စီးနှင်းသူများအကြား ထိတွေ့မှု များကို ရှောင်ရှားနိုင်စေရန်အတွက် တက္ကဆီဝန်ဆောင်မှုကုမ္ပဏီဖြစ်သော ComfortDelGro နှင့် ပူးပေါင်း၍ ခရီးသည်များအား DBS ဘဏ်၏ Debit နှင့် Credit ကတ်များကို အသုံးပြု၍ စီးနှင်းကြရန် တိုက်တွန်း ပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)       

သတင်းရင်းမြစ် ။    ။ The Business Times

Category: Singapore