China (Kunming)

စားသုံးသူများကို ပိုမိုရေရှည်တည်တံ့စွာ ဈေးဝယ်နိုင်စေရန် လေ့လာမှုတစ်ခုမှကူညီ

Last Updated:

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များစားသုံးခြင်းသည် အသားနှင့် ဒိန်ခဲစားခြင်းထက် ကမ္ဘာမြေအတွက် ပိုကောင်းသော်လည်း သိပ္ပံပညာရှင်များ၏ လေ့လာမှုအသစ်အရ အာလူးကြော် (ချစ်ပ်များ) နှင့် သကြားပါသော အချိုရည်များသည်လည်း သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု အလွန်နည်းပါး ကြောင်း ပြသခဲ့သည်။ သိပ္ပံပညာရှင်များသည် ဗြိတိန်နှင့် အိုင်ယာလန်ရှိ စူပါမားကတ်များတွင် ရောင်းချသည့်ကုန်ပစ္စည်း ၅၇,၀၀၀ ခန့်ကို ခွဲခြမ်းစိတ် ဖြာခဲ့ပြီး ယင်းကြီးမားသောလေ့လာချက်မှ တွေ့ရှိမှုကို သိပ္ပံပညာဂျာနယ် PNASတွင် ထုတ်ပြန်ခဲ့ပါသည်။

စားသုံးသူများ၏ ကျန်းမာရေးကို တစ်စုံတစ်ရာမထိခိုက်စေဘဲ ပိုမိုရေရှည်တည်တံ့စွာ ဈေးဝယ်နိုင်မည်ဟု မျှော်လင့်နေသော သုတေသီများသည် အဆိုပါ အစားအစာများ၏ အာဟာရအရည်အသွေးများနှင့် သုတေသနရလဒ်များကို နှိုင်းယှဉ်ခဲ့ကြရာ ဖျော်ရည်များ၊ ဆိုဒါများ (သို့မဟုတ်) အခြား သော သစ်သီးဖျော်ရည်များသည် ရေဖြင့် အများစုဖွဲ့စည်းထားသောကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံး ထုတ်ကုန်များထဲတွင် ပါဝင်သော်လည်း ၎င်းတို့၏ အာဟာရအရည်အသွေးမှာ ညံ့ဖျင်းကြောင်း ၎င်းတို့ကတွေ့ရှိခဲ့သည်။ ယေဘုယျအားဖြင့် အစားအစာတစ်ခုသည် ရေရှည်တည်တံ့လေလေ၊ အာဟာရရှုထောင့်မှရှုမြင်ပါက ပိုမိုကောင်းမွန်လေဟု သုတေသီများက ယုံကြည်ကြသည်။

ယခုလေ့လာမှုတွင် ပါဝင်ပစ္စည်းအများအပြားဖြင့် ပြုလုပ်ထားသော အစားအစာများကို လေ့လာခြင်းဖြစ်၍ အသီးအနှံ (သို့မဟုတ်) အနီရောင်အသား ကဲ့သို့ (တစ်ခုတည်းသောသီးခြားအစားအစာ) များကိုလေ့လာသော အခြားယခင်အစီရင်ခံစာများထက် တိုးတက်လာပြီဖြစ်ကြောင်း၊ နောက်ဆုံးထွက် အစီရင်ခံစာ၏ဆန်းသစ်မှုမှာ ၎င်း၏ ခွဲခြမ်းစိတ်ဖြာချက်သည် အချဉ်ရည်များ ငံပြာရည်၊ ပြင်ဆင်ထားသော အစားအစာများ စသော အခြားပါဝင်ပစ္စည်း များ အများအပြားဖြင့် ပြုလုပ်ထားသော ထုတ်ကုန်များဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အကဲဖြတ်ရန် အချက်လေးချက်ကို ထည့် သွင်းစဉ်းစားခဲ့ရာ ယင်းတို့မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊ အကန့်အသတ်ရှိသော ရေအရင်းအမြစ်အသုံးပြုမှု၊ မြေယာအသုံးပြုမှုနှင့် ရေရင်းမြစ် တွင် နိုက်ထရိုဂျင်၊ဖော့စဖရပ်စ်ကဲ့သို့ သတ္တုဓာတ်နှင့် အာဟာရဓာတ်များ လိုအပ်သည်ထက်ပိုမိုများပြားခြင်း eutrophication စသည့် အချက် (၄) ချက်ဖြစ်ပါကြောင်း၊ ပေါင်မုန့်၊ သီးနှံအချို့နှင့် ပြုပြင်ပြင်ဆင်ထားသော အစားအစာများ (သို့မဟုတ်) အချိုပွဲများသည် ပတ်ဝန်းကျင်ဆိုင်ရာ သက် ရောက်မှုအလွန်နည်းပါးခြင်း (သို့မဟုတ်) အလယ်အလတ်သာရှိပါကြောင်း၊ အခြားတစ်ဖက်တွင် ငါး၊ ဒိန်ခဲနှင့်အသားများ၏ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုမြင့်မားပါကြောင်း၊ “အသား၊ နို့ထွက်ပစ္စည်းနှင့် ဥများကို အပင်အခြေခံအစာများဖြင့် အစားထိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေမည်” ဟု လေ့လာမှုက မှတ်ချက်ပြုပါသည်။   

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် www.globaltimes.cn/page/202208/1272579.shtml

 

Category: China (Kunming)