Thailand

စားအုန်းဆီဈေးကြီးမြင့်မှုကိုကိုင်တွယ်ဖြေရှင်းမည်ဟုဝန်ကြီးကကတိပြုခြင်း

Last Updated:

ယမန်နှစ်က တစ်ပုလင်းလျှင် ဘတ်ငွေ (၅၆-၆၀) သာရှိခဲ့သည့် စားအုန်းဆီဈေးနှုန်းများသည် ယခုအပတ်အတွင်း တစ်ပုလင်းလျှင် ဘတ်ငွေ (၇၀) အထိ တက်သွားပြီးနောက် ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင်က အဆိုပါ စားအုံးဆီဈေးနှုန်းမြင့်တက်သွားခြင်းကို ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

စားအုန်းဆီဈေးနှုန်းအပါအဝင် မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းများ မြင့်တက်နေခြင်းကို ကြီးကြပ်ဆောင် ရွက်ရန်အတွက် (၂၅-၁-၂၀၂၂) ရက်နေ့တွင် ဉက္ကဌအဖြစ်ဆောင်ရွက်သည့် အစည်းအဝေးအပြီးတွင် မစ္စတာဂျူရင်က စားအုံးဆီ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စားအုန်းဆီအစေ့နှင့် စားအုန်းဆီကြမ်းဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့

ပါသည်။

ဆီအုန်းစေ့   ဈေးနှုန်းများသည်  ၂၀၁၇ ခုနှစ်တွင် တစ်ကီလိုလျှင် (၂) ဘတ်သာရှိခဲ့ရာမှ ယခုအခါတွင် (၁၀-၁၁) ဘတ်အထိ  (၅) နှစ်တာကာလအတွင်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ မစ္စတာဂျူရင်က မြင့်မားသောဈေးနှုန်းများသည် တောင်သူများကို အကျိုးရှိစေမည်ဖြစ်သော်လည်း စားသုံးသူများကိုထိခိုက်စေကြောင်း ပြောကြားခဲ့ပါသည်။

စိုက်ပျိုးသူလယ်သမားများ၊  ထုတ်လုပ်သူများနှင့်  စားသုံးသူများ စသည့်သက်ဆိုင်သူအားလုံးတို့အတွက် ဟန်ချက်ညီ မျှတစွာ အကျိုးရှိစေဖို့အတွက်  ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနနှင့် လုပ်ငန်းအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးမစ္စတာဂျူရင်က ဆိုပါ သည်။ မည်သို့ပင်ဆိုစေကာမူ အစိုးရက ဈေးကွက်တွင်  ဝင်ရောက်စွက်ဖက်ပြီး  စားအုန်းဆီကို  ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းရန်မှာ မဖြစ်နိုင်ကြောင်း သိရှိရပါသည်။

ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Wattanasak Sur-iam ၏အဆိုအရ ကုန်တိုက်များနှင့် လက်လီလက်ကား ဆိုင်များတွင် ရောင်းချသော စားအုန်းဆီဗူးများ၏ ဈေးနှုန်းများသည် ၎င်းတို့၏ ဈေးနှုန်းများကို ထိန်းသိမ်းပေးရန် ဌာနမှ တောင်းဆိုညိှနှိုင်းထားသည့် ဈေးနှုန်းအတိုင်းအတာအတွင်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရှိရပါသည်။

နောက်လ ဆီအုန်းအသစ်ထွက်ရှိချိန်တွင် ဈေးနှုန်းအခြေအနေ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ထိုင်း နိုင်ငံတွင် စားအုန်းဆီကြမ်း သိုလှောင်ထားရှိမှုအနေဖြင့် တန်ချိန်ပေါင်း (၁၇၀,၀၀၀) ရှိကြောင်း ၎င်းမှာ တိုင်းပြည်၏ လိုအပ်ချက် ဖြစ်သည့် တန်ချိန် (၃၀၀,၀၀၀) နှင့်နှိုင်းယှဉ်ပါက သိသိသာသာနည်းပါးလွန်းသည်ဟု ယူဆရကြောင်း  ပြည်တွင်းကုန်သွယ်ရေး ဉီးစီးဌာနက ယမန်နှစ်ဒီဇင်ဘာလတွင် အစီရင်ခံတင်ပြခဲ့ကြောင်းသိရှိရပါသည်။

စားအုန်းဆီကြမ်းဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ (၅၆) ရှိကြောင်း၊ ၎င်းမှာ ယမန်နှစ် ဇန်နဝါရီလက ရှိခဲ့သည့် (၃၅) ဘတ် ထက်ပိုမို မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပြည်တွင်းစားအုန်းဆီကြမ်းဈေးနှုန်းမှာ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှုန်းဖြစ် သည့် (၄၄) ဘတ်ထက်တစ်ကီလိုဂရမ်လျှင် (၁၂-၁၃) ဘတ်ခန့် မြင့်တက်နေခြင်းဖြစ်ပါသည်။              

ယခုနှစ်အတွက် ဆီအုန်းစေ့များ တန်ချိန် (၁၇) သန်းခန့် ထောက်ပံ့ဖြည့်တင်းနိုင်လိမ့်မည်ဟု စိုက်ပျိုးရေးစီးပွားရေးရုံးမှ ခန့်မှန်း ထားကြောင်း၊ ၎င်းမှာ ယမန်နှစ်က ရှိခဲ့သည့် (၁၆) သန်းထက် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ပြည်တွင်းဝယ်လိုအားအနေဖြင့် ပြည်တွင်းထောက်ပံ့ဖြည့်ဆည်းမှုနှင့် အနီးစပ်ဆုံးကိုက်ညီမည်ဟု မျှော်လင့်ကြောင်း၊ စုစုပေါင်းထောက်ပံ့ဖြည်းဆည်းမှုတွင် တန် ချိန် (၁) သန်းမှာ စားအုန်းဆီထုတ်လုပ်ရန်နှင့် ကျန်ရှိသည်များမှာ ဇီဝဒီဇယ် (Bio Diesel) အတွက်နှင့် သိုလှောင်ထားရန်အတွက် ဖြစ်ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand