China(Beijing)

စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပဈေးကွက်သို့တင်ပို့ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေးဆိုင်ရာ အချက်အလက်များ

Last Updated:

စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီစေရေးနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်သွင်းရာတွင် ဆောင်ရွက်ရသည့်အချက်အလက်များအား အောက်ပါအတိုင်းတွေ့ရှိရပါသည်-

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဈေးကွက်အတွင်းသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တရားတွင် တင်သွင်းခွင့်ရရှိရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (China Access Procedures for Inspection and Quarantine of the Agricultural Products by the General Administration of Customs of China-GACC) အား ချမှတ်ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

 

အဆိုပါ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) နှင့် မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ လုပ်ထုံးလုပ်နည်းများအပြင် တရုတ်နိုင်ငံအနေဖြင့် အချို့သော လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအား အကောက်ခွန်ခွဲတမ်းဖြင့် တင်သွင်းခွင့်ပြုသည့် (Tariff Rate Quota-TRQ) စနစ်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ တရားတွင် ကြေညာ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

         

Category: China(Beijing)