Thailand

စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ် (BAAC) အနေဖြင့် စပါးစိုက်မြေရိုင် (Rai) (၄၅.၇) သန်း အထိ သီးနှံအာမခံစနစ်ကို လွမ်းခြုံနိုင်ပေးနိုင်ရန် မျှော်မှန်း

Last Updated:

အစိုးရပိုင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ် (BAAC) အနေဖြင့် ၂၀၂၀ သီးနှံရာသီအတွက် သီးနှံအာမခံစနစ်ဖြင့် စပါးစိုက်မြေရိုင် (Rai) (၄၅.၇) သန်းအထိ လွမ်းခြုံနိုင်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း BAAC မှ အဆင့်မြင့်အရာရှိတစ်ဉီးကပြောကြားခဲ့ပါသည်။ BAAC ၏ မြီစားများဖြစ်ကြသော စိုက်ခင်းများအတွက် ချေးငွေရရှိကြသော စပါးစိုက်တောင်သူလယ်သမားများသည် အစိုးရက မြေတစ်ရိုင်လျှင် (၅၈) ဘတ်နှုန်းဖြင့် ထောက်ပံ့ပေးလျှက်ရှိသောကြောင့် သီးနှံအာမခံကို အခမဲ့ရယူနိုင်ပြီး ဘဏ်အနေဖြင့် မြေတစ်ရိုင်လျှင် ကျန် (၃၉) ဘတ်ကို ကျခံပေးမည်ဖြစ်ကြောင်း အမှုဆောင်ဒု-ဉက္ကဌ Somkiat Kimawaha ကပြောကြားခဲ့ပါသည်။

ဘဏ်၏ ဖေါက်သည်မဟုတ်သူများအတွက် သူတို့သည် ဆုံးရှုံးနိုင်မှုအန္တရာယ်အပေါ်မူတည်၍ သီးနှံအာမခံကို ပေးပါသည်။ ဆုံးရှုံးနိုင်မှုအန္တရာယ်နည်းပါးသော ဒေသများရှိ လယ်မြေများနှင့်အတူ ဘဏ်၏ ဖေါက်သည်မဟုတ်သော အဖွဲ့များအတွက် မြေတစ်ရိုင်လျှင် (၅၈) ဘတ်ကောက်ခံပြီး အလယ်အလတ်ဆုံးရှုံးနိုင်မှု အန္တရာယ်ရှိသောဒေသများအတွက် မြေတစ်ရိုင်လျှင် ဘတ်ငွေ (၂၁၀) ဖြစ်ပြီး ဆုံးရှုံးနိုင်မှုအန္တရာယ်မြင့်မားသောဒေသများအတွက် မြေတစ်ရိုင်လျှင် ဘတ်ငွေ (၂၃၀) ကောက်ခံပြီး အစိုးရက ၎င်းတို့အတွက် မြေတစ်ရိုင်အတွက် (၅၈) ဘတ် ထောက်ပံ့ပေးပါသည်။

ယခုအစီအစဉ်တွင် ရေဘေးများ၊ မိုးခေါင်မှု၊ မုန်တိုင်းများ၊ အအေးမိမှု (Cold)၊ မိုးသီးကျဆင်းမှု၊ မီးဘေးနှင့် တောဆင်ရိုင်းစသည့် (၇) မျိုးသော သဘာဝဘေးဒါဏ်များကြောင့် ထိခိုက်မှုများအားလုံး အကျုံးဝင်မည်ဖြစ်ပါသည်။ လယ်သမားများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်ဆီးရသော ကောက်ပဲသီးနှံများအတွက် မြေတစ်ရိုင်လျှင် ဘတ်ငွေ (၁၂၆၀) ရရှိမည်ဖြစ်ကာ၊ ပိုးမွှားနှင့် ရောဂါဖြစ်ပွားမှုများအတွက် မြေတစ်ရိုင်လျှင်ဘတ်ငွေ (၆၃၀) ရရှိမည်ဖြစ်ပါသည်။

မတည်ငြိမ်သော ရာသီဥတုအခြေအနေများနှင့် လိုက်လျှောညီထွေကိုက်ညီသော မြင့်မားသည့်ကာကွယ်မှုရရှိစေရန် အစိုးရအနေ ဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ လယ်သမားများ၏ ထပ်တိုးလာသောဒေသ၏ ဆုံးရှုံးနိုင်မှုအန္တရာယ်ကြီးမားမှုအပေါ် အခြေခံ ကာထပ်ဆောင်းအာမခံကြေးကို ထုတ်ယူရန် အားပေးတိုက်တွန်းလျှက်ရှိပါသည်။ ထပ်ဆောင်းအာမခံကြေးများမှာ ဆုံးရှုံးနိုင်မှု အန္တရာယ်နည်းပါးသောဒေသများအတွက် တံဆိပ်ခေါင်းခွန်နှင့် တန်ဖိုးမြှင့်ခွန်မပါဘဲ မြေတစ်ရိုင်လျှင် (၂၄) ဘတ်၊ ဆုံးရှုံးနိုင်မှု အန္တရာယ်အလယ်အလတ်ရှိသော ဒေသများအတွက် မြေတစ်ရိုင်လျှင် (၄၈) ဘတ်နှင့် ဆုံးရှုံးနိုင်မှုအန္တရာယ်မြင့်မားသော ဒေသများအတွက် မြေတစ်ရိုင်လျှင် (၁၀၁) ဘတ်ဖြစ်ပါသည်။

ထပ်ဆောင်းအာမခံထပ်ထားသော ဆန်စပါးစိုက်ပျိုးသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် မြေတစ်ရိုင်လျှင် (၂၄၀) ဘတ်ရရှိမည်ဖြစ်ကာ ပိုးမွှားနှင့် ရောဂါဖြစ်ပွားမှုများအတွက် မြေတစ်ရိုင်လျှင် (၁၂၀) ဘတ်ရရှိမည် ဖြစ်ပါသည်။ လယ်သမား (၁.၉) သန်းခန့်သည် ပြီးခဲ့သည့်နှစ် သီးနှံရာသီအတွက် သီးနှံအာမခံကို ၎င်း၏ရှေ့နှစ် လယ်ယာမြေ (၂၇.၆) သန်းနှင့် နှိုင်းယှဉ်ပါက လယ်ယာမြေ (၂၈.၂) သန်းအပေါ် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ်အတွက် သီးနှံအာမခံပရီမီယံမှာ ဘတ်ငွေ (၂.၅၈) ဘီလီယံရှိပြီး ၎င်း၏ရှေ့နှစ်ကရှိခဲ့သော (၂.၄၈) ဘီလီယံထက် မြင့်တက်ခဲ့ပါသည်။

ထို့အပြင် လယ်သမား (၉၀,၀၀၀) သည် မြေ (၁၅) ရိုင်ကျော်အတွက် သီးနှံအာမခံကို ထုတ်ယူခဲ့ကြပြီး အစိုးရအနေဖြင့်လည်း ၎င်းအတွက် အထောက်အပံ့များပေးခဲ့ပါသည်။ တိုးပွားလာသော မြေဧရိယာအနေဖြင့် ရိုင် (၁.၃) သန်းရှိပါသည်။ Mr. Somkiat မှ ပြောကြားရာတွင် သီးနှံအာမခံသည် ပျက်ဆီးဆုံးရှုံးမှုများမှ သက်ရောက်မှုများကို လျှော့ပါးသက်သာစေကြောင်းပြောကြားခဲ့ပါ သည်။ စိတ်ပါဝင်စားသော လယ်သမားများအနေဖြင့် တစ်နိုင်ငံလုံးရှိ BAAC ဘဏ်ခွဲများတွင် သီးနှံအာမခံ (Crop Insurance) ကို ထုတ်ယူနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand