Japan

စီးပွားရေးပိုင်းထပ်ဆောင်းပံ့ပိုးမည့်အစီစဉ် ဂျပန်ဗဟိုဘဏ် ထုတ်ပြန်ခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် ကုမ္ပဏီများကို ထောက်ပံ့ပေး ရန်နှင့် နိုင်ငံ၏ စီးပွားရေးကို ထပ်မံအားဖြည့်ပေးရန်အတွက် ထပ်ဆောင်း ပံ့ပိုးမည့်အစီအစဉ်ကို ဂျပန်ဗဟိုဘဏ် (BOJ) က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။

စီးပွားရေးပိုင်း ထပ်ဆောင်းပံ့ပိုးမှုအနေဖြင့် ဂျပန်ဗဟိုဘဏ် (BOJ) အနေဖြင့် ဂျပန်အစိုးရ၏ ငွေချေး စာချုပ်များအား အကန့်အသတ်မရှိ ဝယ်ယူမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထပ်ဆောင်းပံ့ပိုး မှုသည် အစိုးရ၏ ငွေချေးစာချုပ်များပိုမိုထုတ်ဝေကာ စီးပွားရေးပိုင်းအရေးပေါ် ပံ့ပိုးမှုအစီအမံနှင့် ကိုက်ညီအောင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ BOJ ကပိုင်ဆိုင်မှုများကိုဝယ်ယူသည့် အခြားရည်ရွယ်ချက်မှာ ကပ်ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း လုပ်ငန်းရည်တည်ရန် ငွေကြေးလိုအပ်နေသော ကုမ္ပဏီများ ကို ကူညီနိုင်ရန်ဖြစ်ကြောင်းသိရပါသည်။ လာမည့်စက်တင်ဘာလကုန်အထိ BOJ က  အမေရိကန်ဒေါ်လာ ၁၈၅ ဘီလီယံထိတိုးမြှင့်၍ ကုမ္ပဏီ များ၏ ငွေချေးစာချုပ်များနှင့် အရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်းများကိုဝယ်ယူသွားရန် ပြင်ဆင်နေပါသည်။

အရေးပေါ်အခြေအနေကြေငြာပြီး ဂျပန်အစိုးရက ပြည်သူများအား အိမ်အပြင်မထွက်ကြရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ကုမ္ပဏီများ၊ စက်ရုံများတွင် ကုန်ထုတ်လုပ်မှု များရပ်ဆိုင်းကြရန် တောင်းဆိုထားသည့်အတွက် လုပ်ငန်းငယ်များ ထိခိုက်ကြရပြီး ကုမ္ပဏီ ကြီးများလည်း အခက်အခဲကြုံတွေ့ရသဖြင့် BOJ က ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် BOJ သည် ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဂျပန်နိုင်ငံ၏ GDP တိုးတက်မှုအလားအလာကိုအနှုတ် (- ၃ %) သို့မဟုတ် အနှုတ် (- ၅%) ခန့် အထိခန့်မှန်းကာ သိသိသာသာလျော့ချ ပြင်ဆင်လိုက်ပါသည်။

ဂျပန်နိုင်ငံထက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်မားနေပြီး စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်နေကြရသည့် အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပဗဟိုဘဏ်တို့သည် လည်း ယခုသီတင်းပတ် (ဧပြီလနောက်ဆုံးအပတ်) တွင် မူဝါဒပိုင်းညှိနှိုင်းဆွေးနွေးရန် ပြင်ဆင် နေကြကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

Category: Japan