China (HongKong)

စီးပွားရေးပြန်လည်ခုန်တက်လာရန် ရှိသော်လည်း ပြန်လည်ကောင်းမွန်လာရန် အင်အား များ ပိုမိုလိုအပ်လျက်ရှိကြောင်း လေ့လာတွေ့ရှိခြင်း

Last Updated:

ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19  ကူးစက်ဖြစ်ပွားလျှက်ရှိသော်လည်း တရုတ်ပြည်မကြီး၏ စီးပွားရေးမှာ ဒုတိယလေးလပတ်အတွင်း စီးပွားရေး ပြန်လည်ကောင်းမွန်လာမည်ဟု ပေကျင်း၏ မျှော်မှန်းချက်အား ပြင်ပစီးပွား‌ရေး ပညာရှင်များ ကပြန်လည်ခန့်မှန်းခဲ့ကြောင်း၊  ဒုတိယလေးလပတ်အတွင်း စီးပွားရေး ပြန်လည်ကောင်းမွန်လာရန်မှာ လွတ်လပ်စွာ တံခါးဖွင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ၂၀၁၀ မှ ၂၀၂၀ ခုနှစ်အတွင်း ဂျီဒီပီနှစ်ဆ မြင့်တက်ရန်မှာ တစ်နှစ်လုံးတွင် အနည်းဆုံး တိုးတက်မှု (၅.၆) ရာခိုင်နှုန်းရှိရမည်ဖြစ်ကြောင်း၊ စီးပွားရေးအခြေအနေ ပုံမှန်လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ဒုတိယလေးလပတ်ဖြစ်သည့် ဧပြီလမှ ဇွန်လအတွင်း စီးပွားရေးဆောင်ရွက်မှုမှာ အစိုးရအတွက် အလွန်အရေးပါမည်ဖြစ်ကြောင်း၊ ပထမလေးလပတ်တွင် ကျဆင်းခဲ့သည့် စီးပွားရေး ပြန်လည်မြင့်တက် လာရန် ဒုတိယလေးလပတ်မှာ အရေးကြီးသည့် အကူးအပြောင်းကာလဖြစ်ကြောင်း၊ တတိယနှင့် စတုတ္ထလေးလပတ်တွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း သို့မဟုတ် (၆) ရာခိုင်နှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ COVID-19  ကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စားသုံးမှုနှင့် ကုန်သွယ်မှုမှာ တုံ့ဆိုင်းနှေးကွေးသွားသော်လည်း တရုတ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်မှာ အောင်မြင်နိုင်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပေးပြောကြားခဲ့ကြောင်း၊ ပြင်ပစီးပွားရေးပညာရှင်များကလည်း ဒုတိယလေးလပတ်တွင် စီးပွားရေးပြန်လည်ကောင်းမွန်လာမည် ဖြစ်သော်လည်း အင်အား ကောင်းရန် လိုအပ်မှုအခြေအနေနှင့် ပြန်လည်ကောင်းမွန်လာမည့် အခြေအနေတို့အပေါ် ဆက်လက်ဆွေးနွေးမှုများ ရှိနေမည်ဖြစ်ကြောင်း၊ အောက်စဖို့ဒ်စီးပွားရေးကဏ္ဍမှ ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွား‌ရေးမှာလာမည့် လများအတွင်း ပြန်လည်ကောင်းမွန် လာနိုင်ချေရှိသော်လည်း  အခြေခံအားဖြင့် စီးပွားရေးမြင့်တက်မှုမရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံတွင် မကြာခင်ရက်ပိုင်း အတွင်းက ကျောက်မီးသွေးသုံးစွဲနိုင်မှု၊ ခရီးသွားလာမှုများတွင် တာဆီးပိတ်ဆို့မှု အခက်အခဲများ ကြားမှ ရုန်းထွက်နိုင်ခဲ့ကြောင်း၊ ပေကျင်းအခြေစိုက် China Centre for International Economic Exchanges မှ စီးပွားရေးပညာရှင်မှပြောကြားရာတွင် လွန်ခဲ့သော ဆယ်စုနှစ်ကကဲ့သို့ စီးပွားရေးကို (၂) ဆတိုးအောင် ဆောင်ရွက်ရန် ဂျီဒီပီ (၅.၆) ရာခိုင်နှုန်း‌ တိုးတက်ရန်မှာ မဖြစ်နိုင် ကြောင်း၊ တရုတ်နိုင်ငံတွင် ဆောက်လုပ်‌ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ပုံမှန်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်သော်လည်း အသေးစား စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပို့ကုန်လုပ်ငန်းများမှာ ပုံမှန်ပြန်လည်လုပ်ကိုင်ရန် ရုန်းကန်လှုပ်ရှား ဆဲဖြစ်သောကြောင့် တရုတ် နိုင်ငံ၏ စီးပွားရေးမှာ ပုံမှန်လုပ်ဆောင်မှု အနေအထားသို့ ပြန်လည် ရောက်ရှိရန်မှာ ယခုချိန်ထိ ညီမျှမှု မရှိကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ချင်းမင် အားလပ်ရက် ကာလအတွင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် (၈၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ မတ်လအတွင်း ကုန်ထုတ်လုပ်မှုနှင့် ဝယ်ယူမှုတွင် (၅၀) ရာခိုင်နှုန်း ပြန်လည်မြင့်တက်ခဲ့ပြီး အဆိုပါ ကဏ္ဍတွင် တိုးတက်မှုရှိသည်ကို ညွှန်ပြနေကြောင်း၊ သို့သော် အဆိုပါအခြေအနေမှာ ဖေဖေါ်ဝါရီလထက် ပိုမိုကောင်းမွန်လာသည့် အခြေအနေသာဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Orange Wang  က “Rebound expected but analysts divided over strength of recovery” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)