China(Beijing)

စီးပွားရေးပြန်လည်ဖွံ့ဖြိုးလာစေရန် ကူညီထောက်ပံ့မှုများဆောင်ရွက်သွားရန် လိုအပ်သည်ဟုထုတ်ပြန်ကြေညာခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဗဟိုအဆင့်ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်အား တရုတ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Liu He မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးပြီးနောက် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကြေညာချက်၌ စီးပွားရေးပြန်လည်ဖွံ့ဖြိုးလာစေရန် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ အသေးစားနှင့်အလတ်စားကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြင့်လုပ်ဆောင်လျက်ရှိကြောင်း၊ အရင်းအနှီးဈေးကွက်အတွင်း၌ ဘဏ္ဍာရေးနှင့် ပတ်သက်သည့်မှားယွင်းမှုများ ဖြစ်ပေါ်ခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေး စီမံကိန်းများ တိုးတက်စေခြင်း၊ ထိရောက်သည့်ဝယ်လိုအားဖန်တီးပေးခြင်း၊ ရောင်းလိုအားပုံစံတိုးတက်စေခြင်း၊ သင့်တော်သည့်အခြေအနေဖြင့် ငွေဖြစ်လွယ်စေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှစ၍ ဘဏ္ဍာရေးကော်မတီအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုနှင့် စီးပွားရေးကျဆင်းမှုတို့ကြောင့် မသေချာမှုများအား ဖယ်ရှားနိုင်ရန် ချမှတ်ထားသည့် စီမံဆောင်ရွက်မှုများအား ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူပင် စီးပွားရေးအပေါ် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများအား ဆက်လက်၍ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စားကူးသန်းရောင်းဝယ်ရေးဘဏ်များအတွက် ပြုပြင်ပြောင်းလဲမှုများနှင့် အရင်းအနှီးများထောက်ကူပေးသည့် စီမံကိန်းများအား ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ သေးငယ်သည့်လုပ်ငန်းများအား ပိုမိုဝန်ဆောင်မှုပေးရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူပင် မကြာသေးမီကပင် ကမ္ဘာ့ကုန်စည်ဈေးကွက်၌ ဈေးနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံအနေနှင့်လည်း အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ သို့ဖြစ်ရာ ထိုကဲ့သို့ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများအား ထိန်းချုပ်ရန်၊ လုပ်ငန်းစာချုပ်များအရ ကြုံတွေ့ရသည့် ပြဿနာရပ်များအား ဖြေရှင်းရန်၊ လာရောက်ရင်းနှီးမြှပ်နှံသူများ၏ အကျိုးစီးပွားအပေါ် အကာအကွယ်ပေးရန်တို့ကို ဆောင်ရွက်သွားရန် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

 

ရင်းမြစ်: http://global.chinadaily.com.cn/a/202005/04/WS5eb01edea310a8b241153612.html  

( မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)