China (HongKong)

စီးပွားရေးလုပ်ငန်းများ ကျဆင်းလာမှုကြောင့် ပံ့ပိုးမှုများပေးရန်အခြေအနေသို့ ရောက်ရှိ လာခြင်းနှင့် အလုပ်အကိုင်များ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဘီလီယံချီ၍ ထောက်ပံ့ သွားမည်ဖြစ်ခြင်း

Last Updated:

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ ဟောင်ကောင် စီးပွားရေးလုပ်ငန်းများ အတွက် ဟောင်ကောင်ဒေါ်လာ ၁၈.၃ ဘီလီယံ ချေးငှားပေးမည့် အစီအစဉ် ဆောင်ရွက်ထားကြောင်း၊ ၂၆-၂-၂၀၂၀ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် မြောက်ဘဏ္ဍာရေးစီမံချက် ရှင်းလင်းပွဲတွင် အလုပ်သမား (၃) သန်းကျော်၏ အလုပ်အကိုင်များ ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ကုမ္ပဏီများအတွက် ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများလျော့နည်းစေရန် ရည်ရွယ်၍ ကူညီသွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး  Mr. Paul Chan Mo-po က ပြောကြားခဲ့ကြောင်း၊ ယခုနှစ်အတွင်း အလုပ်လက်မဲ့နှုန်းမှာ (၄) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း၊ ဟောင်ကောင်ဒေသရှိ ဆောက်လုပ်ရေးကဏ္ဍ၌ ဟောင်ကောင် ဒေါ်လာ (၂၀၀) မီလီယံခန့်လိုအပ်နေကြောင်း၊ အလုပ်အကိုင်များ ဆက်လက်ထိန်းသိမ်းရန် ဟောင်ကောင်ဒေါ်လာ ၂.၇ ဘီလီယံထုတ်ချေးပေးရန် လျာထားကြောင်း၊ ဟောင်ကောင်ဒေသရှိဆောက်လုပ်ရေး လုပ်ငန်းများတွင် မကြာမီလများက စတင်၍ ဆောက်လုပ်ရေးအလုပ်သမား ၅၀,၀၀၀ ခန့်မှာ အလုပ်အကိုင်များ ဆုံးရှုံးလျှက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူလူထု၏ စားသုံးမှုနှုန်းအပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လက စတင်ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ဆန္ဒပြမှု ဖြစ်ပွားစဉ်ကတည်းက ပြင်းထန်စွာရိုက်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ဟောင်ကောင် ခရီးသွားလုပ်ငန်းအဖွဲ့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ပြီးဆုံးပါကလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ဟောင်ကောင် ဒေါ်လာ (၇၀၀) မီလီယံကျော်အား ရန်ပုံငွေ ခွဲဝေထားကြောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီအတွက် ဟောင်ကောင် ဒေါ်လာ ၂ မီလီယံအထက် အစိုးရမှ အာမခံ ချေးငှား ပေးသွားမည်ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အစိုးရမှချေးပေးမည့် အစီအစဉ် တွင် စုစုပေါင်း ဟောင်ကောင်ဒေါ်လာ (၂၀) ဘီလီယံ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ အနေဖြင့် လုပ်ငန်းများ စတင်လည်ပတ် ဆောင်ရွက်မှု အနည်းဆုံး (၃) လကြာဆောင်ရွက်ထားရှိရ မည်ဖြစ်ပြီး ၎င်းတို့၏လုပ်ငန်းမှာ ၂၀၂၀ ပြည့် နှစ်၊ ဖေဖေါ်ဝါရီလမှ စတင်၍ (၃၀) ရာခိုင်နှုန်း ဝင်ငွေလျော့ကျသည်ကို ပြသနိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခု ချင်းစီအနေဖြင့်လစာနှင့် အဆောက်အဦငှားရမ်းခအတွက် ဟောင်ကောင် ဒေါ်လာ (၂) မီလီယံအား (၆) လကြာ ချေးငှားနိုင်မည်ဖြစ်ကြောင်း၊ ကာလအကြာရှည်ဆုံး ချေးငှားပေးမှုမှာ (၃) နှစ်ဖြစ်ကြောင်း၊ ဟောင်ကောင်ဘဏ်များဖြစ်သည့် HSBC ၊ Hang Seng နှင့် Standard Chartered ဘဏ်များမှ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းတစ်ခုချင်းစီအတွက် ဟောင်ကောင်ဒေါ်လာ (၂) မီလီယံ ပံ့ပိုးပေးမှုမှာ လအနည်းအငယ်အတွက်သာ အထောက်အပံ့ဖြစ်နိုင် ကြောင်း၊ စားသောက်ဆိုင် (၁၂) ဆိုင်ဖွင့်လှစ်ထားသူများအတွက် (၂) လခန့်သာ လုပ်ငန်းလည်ပတ်နိုင်ရန် အထောက်အကူဖြစ်နိုင်ကြောင်း၊ အသေးစားလုပ်ငန်းများ အနေဖြင့် အဆိုပါပံ့ပိုးပေးမှုပမာဏမှာ လုံလောက်မှု မရှိသောကြောင့် ချေးငွေများ ပိုမိုရရှိရန်လိုအပ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)