China (HongKong)

စုပေါင်းရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အစီအစဉ်သစ်တွင် ဟောင်ကောင်ဒေါ်လာ ၂၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ခြင်း

Last Updated:

      ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် ဒေသတွင်းဖြစ်ပေါ်နေသည့် စီးပွားရေး နှေးကွေးမှုများကို ကုစားရန် စုပေါင်းရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအစီ အစဉ်သစ်တွင် ဟောင်ကောင် ဒေါ်လာ ၂၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ နောင်လာမည့် ၄ နှစ်အတွင်း ဟောင်ကောင်ဒေသ၏ စီးပွားရေးဆောင်ရွက်မှု မှာ နှေးကွေးနေမည်ဖြစ်ကြောင်း၊ ဟောင်ကောင်၏ Growth Portfolio ၌ ဘဏ္ဍာငွေများ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ရန်ပုံငွေမန်နေဂျာများမှ ကုမ္ပဏီများ၊ စီမံကိန်းများနှင့် ဟောင်ကောင်ဒေသ၏ ရေရှည်လုပ်ကိုင်ရသည့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်မှာ စင်ကာ ပူနိုင်ငံ အစိုးရက ထူထောင်ထားသော ရန်ပုံငွေအစီအစဉ်ဖြစ်သည့် Temasek နှင့် ဆင်တူပါကြောင်း၊ ၂၆-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် မြောက်ဘဏ္ဍာရေးစီမံချက် ရှင်းလင်းပွဲတွင် ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး Mr. Paul Chan Mo-po က မိန့်ခွန်းပြောကြား ခဲ့ရာတွင် ပြင်ပမှရိုက်ခတ်သည့် အကြောင်းအရာ များကြောင့် စီးပွားရေးတွင် မသေချာမရောမှုများ ရှိနေသော်လည်း ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ဂျီဒီပီတိုးတက်မှု နှုန်းမှာ နှစ်စဉ်ပျမ်းမျှ ၂.၈ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ အဆိုပါ တိုးတက်မှုနှုန်းမှာ ယခင် ဆယ်ရာနှစ် (၁) စုအတွင်း တိုးတက်ခဲ့မှုနှုန်း ၂.၉ ရာခိုင်နှုန်းအောက် နိမ့်ကျ ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးလုပ်ငန်းများအပေါ် ပြင်းထန်စွာ ထိခိုက်လျှက်ရှိကြောင်း၊ သို့ဖြစ်၍ ယခုရန်ပုံငွေ အစီအစဉ်အသစ်၏ ဟောင်ကောင် ဒေါ်လာ ၂၂၄.၅ ဘီလီယံ၏ ၂၀ ရာခိုင်နှုန်းကို ဟောင်ကောင်စီးပွားရေး လုပ်ငန်းခေါင်းဆောင် များ၏ အကြံပြုချက်အပေါ် အခြေခံ၍ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရန်ပုံငွေသည် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ များနှင့် စီမံကိန်းများတွင် အသုံးပြုခြင်း အပေါ်အားပေးမည်မဟုတ်ကြောင်း၊ ဝင်ငွေပြန်လည်ရရှိမှု မြင့်မားသည့် ဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီများ၊ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း၊ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု အသစ်မှာ ရေရှည်ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာဖြစ်ပြီး (၅) နှစ်မှ (၇) နှစ်အတွင်း ကြာမြင့်မည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး ကဏ္ဍသည် ဟောင်ကောင်၏ မဏ္ဍိုင်ကြီး (၄) ခုတွင် တစ်ခုဖြစ်ကြောင်း၊ နောင်လာမည့် (၅) နှစ် အတွင်း သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ဆက်စပ်သည့် စီမံကိန်းများအတွက် ဟောင်ကောင်ဒေါ်လာ (၆၆) ဘီလီယံရှိသည့် Green Bond ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလုပ်ငန်း များနှင့် ဆက်စပ်နေသည့် လုပ်ငန်းများအတွက် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ (၁၃) ဘီလီယံရှိ i Bonds နှင့် silver bonds  များထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ private equity fund ၏ စီးပွားရေးစနစ်များ တိုးတက်ရန် အခွန်ကောက်ခံမှု လျှော့ချရန် လည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရန် ဟောင်ကောင် ဒေသ၏ Pak Shek Kok ရှိ Hong Kong Science Park နည်းပညာဌာနတွင် ဟောင်ကောင်ဒေါ်လာ (၃) ဘီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရသည် နည်းပညာတိုးတက်ရန် အစီအစဉ်အတွက် ရန်ပုံငွေ အချိုးအား ၂/၃ မှ ၃/၄  ပုံသို့ တိုးမြှင့်သွားမည်ဖြစ်ပြီး ဟောင်ကောင်ဒေါ်လာ ၄၀၀,၀၀၀ မှ ၆၀၀,၀၀၀ သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)