Thailand

ဆန်ဈေးနှုန်းလျှော့ချရန် ထိုင်းအစိုးရတောင်းဆို

Last Updated:

ဆန်များကို အိပ်သွပ်ထုတ်လုပ်ကြသူများနှင့် ဖြန့်ချီသူများက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တောင်းဆိုချက်အရ ၎င်းတို့၏ ဆန်ဈေးနှန်းများကို (၅၀%) အထိလျှော့ချပေးရန် ၂၃-၄-၂၀၂၀ ရက်နေ့က သဘောတူညီခဲ့ကြပါ သည်။ ၎င်းကိစ္စရပ်မှာ ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းကာလအတွင်း လူအများကိုကူညီရန် ကုန်ဈေးနှုန်းများကို လျှော့ချပေးရန်အတွက်  စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် လှုပ်ရှားမှုလည်းဖြစ်ပါသည်။

ဧပြီလ (၁၆) ရက်နေ့တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်သူများ၊ ကုန်ပစ္စည်းဖြန့်ချီသူများနှင့် ခေတ်မှီကုန်သွယ်မှု လုပ်ငန်းလုပ်ဆောင်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း နေထိုင်မှုစရိတ်ကို လျှော့ချနိုင်ရန်အတွက် ကုန်ပစ္စည်းဈေးနှုန်း များကို (၅-၅၈%) အထိ လျှော့ချပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တောင်းဆိုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုအား မတ်လ (၁၆) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ ကုန်ပစ္စည်းအမျိုးအစား (၆) မျိုး၊ အမည်အားဖြင့် (၇၂) မည်တို့ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။အဆိုပါ လှုပ်ရှားမှုတွင်ပါဝင်သော ကုန်ပစ္စည်းအမျိုးအစား (၆) မျိုးမှာ အစားအစာနှင့် အဖျော်ယမကာ၊ အသင့်စားနိုင်သော အေးခဲအစားအစာ၊ ငံပြာရည်၊ နေ့စဉ်သုံးကုန်ပစ္စည်းများနှင့် ကိုယ်ခန္ဓာအသုံးအဆောင်ပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ တို့ဖြစ်ပါသည်။ (၁၀၀%) ဟုမ်းမလိဆန်၊ အဆင့်မြင့်ဟုမ်းမလိဆန်နှင့် အဆင့်မြင့်ဆန်မွှေးတို့မှာ  ပထမအကြိမ်လှုပ်ရှားမှုတွင် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့ပါသည်။

ယမန်နေ့ ၂၃.၄.၂၀၂၀ ရက်နေ့ကစတင်ခဲ့ပြီး ဇွန်လအထိ ဆောင်ရွက်မည့် ဒုတိအကြိမ်လှုပ်ရှားမှုတွင် ထုတ်လုပ်သူနှင့် ကုန်ပစ္စည်းဖြန့်ချိသူ (၁၈) ဉီးတို့မှ ကုန်ပစ္စည်း (၉၈) မျိုးအတွက် ဈေးနှုန်းများကို (၅၀%) အထိ လျှော့ချပေးလိမ့်မည်ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးမစ္စတာဂျူရင်က ပထမနှင့်ဒုတိယအကြိမ်လှုပ်ရှားမှုများတွင် ပါဝင်သော ကုန်ပစ္စည်းအမည်များမှအပ အခြားသောကုန်ပစ္စည်းအမည်များကိုနောက်ထပ်ပြုလုပ်မည့် အကြိမ်များ၌ ထည့်သွင်းဆောင်ရွက် သွားရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၎င်းက ကပ်ရောဂါကြောင့် ထိခိုက်ခံစားနေရသော စားသုံးသူများ၏ လူမှုနေထိုင်မှုစရိတ်များကို လျှော့ချနိုင်ရေးအတွက် အထူးကုန်ပစ္စည်းအရောင်းပွဲလှုပ်ရှားမှုများတွင် ကုန်ပစ္စည်း ထုတ်လုပ်သူများကို ပါဝင်ဆောင်ရွက်လာကြရန် ၎င်းအနေဖြင့် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းဆန်ထုတ်လုပ်သူများအသင်းဂုဏ်ထူးဆောင်ဉက္ကဌ Somkiat Makayatorn က ယခုနှစ်စကတည်းကပြည်တွင်းဆန်ဈေးနှုန်းမှာ မိုးခေါင်မှုကြောင့် (၂၀-၃၀%) မြင့်တက်ခဲ့ကြောင်း၊ ဆက်လက်၍ လည်း ကပ်ရောဂါ၏သက်ရောက်မှုကြောင့် ဝယ်လိုအား မြင့်တက်ကာ ဈေးနှုန်းထပ်မံမြင့်တက်နိုင်သည်ဟု ခန့်မှန်းကြောင်းပြောကြားခဲ့ပါသည်။ ထုတ်ပိုးဆန် (Packaged rice) ရရှိရန်အတွက် ကုန်ကြမ်းအဖြစ်အသုံးပြုသောကြတ်ခွဲဆန် (Milled rice) ဈေးနှုန်းမှာ ဇန်နဝါရီလအစောပိုင်းတွင်  တစ်ကီလိုဂရမ်လျှင် (၁၂.၅၀) ဘတ်မှ (၁၅) ဘတ်အထိ မြင့်တက်ခဲ့ပါသည်။ ဈေးကွက်အတွင်းသို့ စပါးသစ်မပေါ်မီ ဩဂုတ်လမှ စက်တင်ဘာလအထိ ကြိတ်ခွဲသည့် ဆန်ဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေဉီးမည်ဟု ခန့်မှန်းထားကြောင်း Mr. Somkiat က ပြောကြားခဲ့ပါသည်။

၎င်းက နှစ်ပေါင်း (၄၀) အတွင်း အဆိုးရွားဆုံးမိုးခေါင်မှုကြောင့် လယ်သမားများအနေဖြင့် ကြိတ်ခွဲမှုဆန်တန်ချိန် (၁.၅-၂) သန်းလျှော့ကျနိုင်သည်ဟု သတင်းပို့ခဲ့ကြပါသည်။ ကာလတိုဝယ်လိုအားမြင့်တက်နေသော်လည်း နိုင်ငံခြားသားခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံမှထွက်ခွာနေကြခြင်းကြောင့် ယခုနှစ်အတွက် ပြည်တွင်းစားသုံးမှုလျှော့ကျသွားနိုင်မည်ဟု ခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                                

Category: Thailand