India (Delhi)

ဌာနဆိုင်ရာများအနေဖြင့် နှစ်သစ်တွင် ပြက္ခဒိန်၊ ဒိုင်ယာရီများ ထုတ်ဝေခြင်းမပြုရန် အိန္ဒိယအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနများနှင့် လက်အောက်ခံဌာနများ၊ နိုင်ငံပိုင်ကော်ပိုရေးရှင်းများ၊ နိုင်ငံပိုင်ဘဏ်များနှင့် အခြား သောအစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ပုံနှိပ်ထုတ်ဝေမှုနှင့်စပ်လျဉ်း၍ လိုက်နာရမည့် စီးပွားရေးရာလမ်းညွှန်ချက်တစ်ရပ်ကို ၂.၉.၂၀၂၀ နေ့တွင် ရုံးတွင်းအမှာစာ တစ်စောင်ထုတ်ပြန်ပေးပို့ခဲ့ပါသည်။

အဆိုပါ အမှာစာတွင် မျက်မှောက်ကာလ၌ သတင်းအချက်အလက်နှင့် ဒီဂျစ်တယ်နည်းပညာရပ်များမှာ တိုးတက်ဖြစ်ထွန်းလျက်ရှိသည်နှင့်အညီ စီမံ ချက်များချမှတ်ခြင်း၊ လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၊ ရှေ့လုပ်ငန်းရပ်များတွက်ဆခြင်းတို့၌ ၎င်းနည်းပညာများကို ထိရောက်စွာအသုံးချနိုင်ရန် ရည် ရွယ်လျက် အိန္ဒိယအစိုးရသည် လာမည့်နှစ်မှစတင်၍ အစိုးရဌာနဆိုင်ရာများ၏ နံရံ ချိတ်ပြက္ခဒိန်များ၊ စားပွဲတင်ပြက္ခဒိန်များ၊ ဒိုင်ယာရီမှတ်စုစာအုပ်များ၊ ပွဲတော်ရာသီအလိုက် နှုတ်ခွန်းဆက်ကတ်ပြားများနှင့် အလားတူပုံနှိပ်ပစ္စည်းများကို ရိုက်နှိပ်ထုတ်ဝေခြင်းမပြုရန် တားမြစ်လိုက်ကြောင်း၊ ယခု တားမြစ် ချက်တွင် Coffee Table Books များလည်းပါဝင်ကြောင်း၊ ၎င်းအစား E-books များကို အသုံးပြုရန်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဒီဂျစ်တယ်/ အွန်လိုင်း စနစ်ကို အသုံးပြုရန် တွန်းအားပေးကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Office Memorandum No. 7(2)/E.Coord/2020 of Department of Expenditure of Ministry of Finance of India, dated 2nd September 2020

Category: India (Delhi)