China(Nanning)

တရုတ်ဆိပ်ကမ်းများ၌ ကုန်သေတ္တာများကို ပိုမိုရှင်းလင်းမှုပြုလာနိုင်ပြီဖြစ်သော်လည်း အအေးခန်းကုန်သေတ္တာများထောက်ပံ့မှု မညီမမျှဖြစ်နေဆဲဖြစ်

Last Updated:

ရိုက်တာသတင်းဌာနမှ သတင်းအရ ဝန်ထမ်းများအလုပ်ခွင်သို့ ပြန်လည်ရောက်ရှိလာမှု ပိုမိုများပြားလာသဖြင့် တရုတ်ဆိပ်ကမ်းများ၌ ကုန်သေတ္တာကျပ်တည်းမှုများဖြစ်နေခြင်းမှာ ပိုမိုလျော့နည်းလာသော် လည်း၊ အအေးခန်းကုန်သေတ္တာထောက်ပံ့နိုင်မှုမှာ မညီမမျှဖြစ်နေဆဲဖြစ်ပြီး၊ ဖြေရှင်းရန်အချိန်ပိုမိုကြာမြင့်နေသေးကြောင်းသိရပါသည်။

ကပ်ရောဂါကြောင့် လုပ်ငန်းများ ကမောက်ကမဖြစ်နေစဉ်အတွင်း အချို့အအေးခန်းကုန်သေတ္တာများမှာ လုပ်ငန်းဆောင်ရွက်မှုနှေးကွေးသော ဆိပ်ကမ်းများတွင် ညပ်လျက်ကျန်ရှိနေဆဲဖြစ်ပြီး အခြားကုန် သေတ္တာများမှာ အာရှ၏ အခြားဆိပ်ကမ်းများသို့ ခွဲဖြာရောက်ရှိနေပါသည်။

နေရာအနှံ့တွင် ကုန်သေတ္တာများကို ရှင်းလင်းရာနေရာ၌ စစ်ဆေးသူများ၊ ကုန်တင်ယာဉ်မောင်းနှင်သူများနှင့် လုပ်ငန်းများတွင် ဝန်ထမ်းအင်အားလျော့နည်းနေဆဲဖြစ်ပြီး ယခုအခါ ဝန်ထမ်းများ လုပ်ငန်းခွင် သို့ ပြန်လည်ဝင်ရောက်လာကြသဖြင့် အခြေအနေတိုးတက်ကောင်းမွန်လာကြောင်း တရုတ်ဆိပ်ကမ်းများအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် Zhang Ruxing က ရိုက်တာသတင်းဌာနသို့ ပြောကြား ထားသည်ဟုသိရပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Fruitnet (၂၃-၇-၂၀၂၀)

Category: China(Nanning)