China (Kunming)

တရုတ်နိုင်ငံ အကောက်ခွန်မှ နယ်စပ်ဖြတ်ကျော်ခရီးသွားများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အစီရင်ခံခြင်းစည်းမျဉ်းအချို့ကို ရုပ်သိမ်း

Last Updated:

တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ခရီးသွားများ ဝင်ရောက်စဉ် အကောက်ခွန်ရှင်းလင်းသည့်အခါတွင် စမ်းသပ်မှုများနှင့် ယခင်ကူးစက်မှုများကဲ့သို့သော အချို့သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာအချက် အလက်များကို အစီရင်ခံရန်မလိုအပ်တော့ကြောင်း ၂၅-၈-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံတကာခရီးသွားများအတွက် ကမ္ဘာ့အတင်းကျပ်ဆုံး ကိုဗစ်-၁၉ ရောဂါဆိုင်ရာမူဝါဒအချို့ ရှိနေဆဲဖြစ်သည့် တရုတ်ပြည်မကြီးသည် နယ်စပ်ဖြတ် ကျော် ခရီးသွားလာမှုအတွက် ခက်ခဲမှုများလျော့နည်းစေရန်နှင့် ဆောင်ရွက်ရန် လိုအပ်ချက်များ တိုတောင်းစေရေး ပြင်ပခရီးသွားများအတွက် စမ်းသပ်စစ်ဆေးခြင်းနှင့် သီးသန့်ခွဲထုတ်ခြင်းဆိုင်ရာ လိုအပ်ချက်များကို ဖယ်ရှားခြင်းကဲ့သို့သော ခြေလှမ်းများ လုပ်ဆောင်ခဲ့သည်။

ပြည်ပနိုင်ငံအများအပြားမှ တရုတ်နိုင်ငံသို့ဝင်ရောက်ရန် ရည်ရွယ်သူများသည် လေယာဉ်မတက်မီတွင် စမ်းသပ်မှုများနှင့် အခြားကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များကို တရုတ်သံရုံးများသို့ တိုင်ကြားရန်လိုအပ်ကြောင်းကိုမူ တရုတ်နိုင်ငံ သံရုံးဝက်ဘ်ဆိုဒ်များတွင် ဖော်ပြထားဆဲဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

Source: www.reuters.com/business/healthcare-pharmaceuticals/china-drops-some-covid-reporting-rules-cross-border-travellers-customs-2022-08-25/  

 

Category: China (Kunming)