China (Kunming)

တရုတ်နိုင်ငံက ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ပထမဆုံးစက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်း

Last Updated:

တရုတ်နိုင်ငံသည် ဆက်စပ်မူဝါဒများကို အပြည့်အစုံဖော်ပြရန်နှင့် ၎င်း၏ရပ်တည်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းကို ပိုမိုနားလည်သဘောပေါက်စေရန်အတွက် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ပထမဆုံးစက္ကူဖြူစာတမ်းကို (၂၉-၁၂-၂၁) ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့သည်။ တရုတ်ပြည်ပတင်ပို့မှုထိန်းချုပ်ရေးခေါင်းစဉ်ဖြင့် နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံးမှ ထုတ်ပြန်သည့်စာတမ်းတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်၊ အဖွဲ့အစည်းများနှင့် ကျင့်ထုံးများကိုမြှင့်တင်ရာတွင် ပို့ကုန်ထိန်းချုပ်ရေး အုပ်ချုပ် ရေးစနစ်အပြင် နိုင်ငံတော်နှင့် နိုင်ငံတကာအဆင့်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကိုကာကွယ်ရန် ၎င်း၏ကတိကဝတ်များနှင့် လုပ်ဆောင် ချက်များကို အသေးစိတ် ရှင်းလင်းဖေါ်ပြထားပါသည်။

စက္ကူဖြူစာတမ်း၏ အဓိကအပိုင်းမှာ အပိုင်းလေးပိုင်းပါဝင်သည်- ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ အခြေခံရပ်တည်ချက်၊ ပို့ကုန်ထိန်းချုပ်မှုအတွက် တရားဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းစနစ်အား ဆက်လက်တိုးတက်စေရေး၊ ပို့ကုန်ထိန်းချုပ်ရေးစနစ် ခေတ်မီရေး၊ နိုင်ငံတကာဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ဖြစ်သည်။

မတည်မငြိမ်ဖြစ်စေသောအချက်များနှင့် မသေချာမရေရာမှုများ တိုးမြင့်လာခြင်း၊ နိုင်ငံတကာလုံခြုံရေးနှင့် စည်းမျဉ်းစည်းကမ်းများကို နှောင့်ယှက်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်း ရေးအတွက် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများတို့နှင့်အတူ ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မမြင်နိုင်သော လေးနက်သော အပြောင်းအလဲများကို ကြုံတွေ့နေရ ကြောင်း   နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေးအန္တရာယ်များနှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကာအကွယ် ပေးရန်အတွက် တရားမျှတသော၊ ကျိုးကြောင်းဆီလျော်ပြီး ခွဲခြားမှုမရှိသော ပို့ကုန်ထိန်းချုပ်ရေးအစီအမံများသည် ပိုမိုအရေးကြီးကြောင်း တရုတ်နိုင်ငံသည် အမျိုးသား လုံခြုံရေးအတွက် ဘက်စုံချဉ်းကပ်မှုတစ်ရပ်ကို ချဉ်းကပ်လျှောက်လှမ်းနေပြီး စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင် ပေါင်းစည်းရန် ပိုမိုတက်ကြွသောခြေလှမ်း များကို လုပ်ဆောင်နေကြောင်း အဆိုပါစက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

ပိုမိုပွင့်လင်းသော စီးပွားရေးနှင့် ပိုမိုငြိမ်းချမ်းသော တရုတ်နိုင်ငံကို တည်ဆောက်ရန်အတွက် နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အာမခံချက်ရှိသော လုံခြုံရေးတို့ကြား အပြန်အလှန် အကျိုးသက်ရောက်မှုရှိစေရန်၊ ၎င်း၏ ပို့ကုန်ထိန်းချုပ်ရေးစနစ်ကို ခေတ်မီစေရန်နှင့် ပို့ကုန်ထိန်းချုပ်ရေး စီမံခန့်ခွဲမှုတွင် တိုးတက်မှုသစ် များရရှိရန် ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်မှနေ၍ ၎င်း၏တာဝန်ဝတ္တရားများကို တာဝန်ယူမည်ဖြစ်ပြီး ၎င်း၏နိုင်ငံတကာ တာဝန်များကို အသိစိတ်ရှိရှိဆောင်ရွက်ကာ နိုင်ငံတကာဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ပို့ကုန်ထိန်းချုပ်ရေး နိုင်ငံတကာ ညှိနှိုင်းဆောင် ရွက်မှုတွင် ပါဝင်ရန်၊ ဆက်စပ်နိုင်ငံတကာလုပ်ငန်းစဉ်များ တိုးတက်လာစေရန်နှင့် မျှဝေသော အနာဂတ်ကမ္ဘာ့အသိုက်အဝန်းကို တည်ဆောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခိုင်မာသော တွန်းအားပေးမှုဖော်ဆောင်ရာတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစက္ကူဖြူ စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါစက္ကူဖြူစာတမ်းကို http://www.scio.gov.cn/zfbps/32832 /Document/1718303/1718303.htm တွင် ရရှိနိုင်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

အရင်းအမြစ်။     http://www.chinadaily.com.cn/a/202112/29/WS61cbc33ca310cdd39bc7e0d4. html

Category: China (Kunming)