China (Kunming)

တရုတ်နိုင်ငံတွင် GMS နိုင်ငံများ၏ စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန် Matchmaking ပွဲများကျင်းပသွားရန်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ကူမင်းမြို့တွင် (၁၉-၁၁-၂၀၂၂) ရက်မှ (၂၂-၁၁-၂၀၂၂) ရက်နေ့အတွင်း(၆) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲများကို တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်နှင့်တောင် အာရှနိုင်ငံများ၏ ကုန်သွယ်ရေးအာဏာပိုင်များ ပူးပေါင်းကျင်းပခဲ့ရာ ယင်း၏ နောက်ဆက်တွဲလှုပ်ရှားမှုတစ်ခု အနေဖြင့် ၂၀၂၂ခုနှစ် GMS စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်  Matchmaking ပွဲများကို တရုတ်နိုင်ငံ၊လန်ချန်း-မဲခေါင်ဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်ရှိရာ"GMS စိုက်ပျိုးရေးထွက်ကုန် Matchmaking Event"ကို (၂၈-၁၁-၂၂) ရက်နေ့တွင်လည်းကောင်း "GMS စက်မှုပိုင်းဆိုင်ရာထုတ်ကုန်များ Matchmaking Event" ကို (၁၂-၁၂-၂၂)ရက်နေ့တွင်လည်းကောင်း ပြုလုပ်မည်ဖြစ်ပါကြောင်း အဆိုပါပွဲများသည် "၂၀၂၂ခုနှစ်၊ GMS-စီးပွားရေးစင်္ကြံအုပ်ချုပ်ရေးမှူးဖိုရမ်"၏ လှုပ်ရှားမှုများကိုပံ့ပိုးပေးခြင်းဖြစ်ပြီး"အော့ဖ်လိုင်းနှင့်အွန်လိုင်း" နှစ်မျိုးစလုံးကျင်းပမည်ဖြစ်ပါကြောင်း အော့ဖ်လိုင်းကိုတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ကူမင်းမြို့ရှိ Kunming Jiahua Plaza Hotel တွင်ကျင်းပသွားမည်ဖြစ်ပါကြောင်း အဆိုပါပွဲ(၂) ပွဲသည် မဲခေါင်မြစ်ကြောင်း လယ်ယာထွက်ကုန်နှင့် စက်ပိုင်းဆိုင်ရာထွက်ကုန်များ ထုတ်လုပ်မှုနှင့် စျေးကွက်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ဒေသတွင်းသွင်းကုန်နှင့် ပို့ကုန်ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံ၊လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် တရုတ်တို့က ၎င်းတို့၏ အဓိကထုတ်ကုန်များကို မိတ်ဆက်ရန်   လုပ်ငန်းရှင်များပါဝင်မည်ဖြစ်ပါကြောင်း အခြားသောစီးပွားရေးကဏ္ဍမှ စိတ်ဝင်စားသော ကုန်သည်များနှင့် ဝယ်ယူသူများလည်း တက်ရောက်မည်ဖြစ်ပါကြောင်း သိရှိရပါသည် ။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်  စီးပွားရေးဌာန ယူနန်ပြည်နယ်၊ကူမင်းမြို့ 

Category: China (Kunming)