China(Nanning)

တရုတ်နိုင်ငံတွင်အရည်အသွေးမြင့်အသိဉာဏ်ပစ္စည်းမှုပိုင်ခွင့် ဖွံ့ဖြိုးလာ

Last Updated:

တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၊ တီထွင်ဆန်သစ်မှုများနှင့် အရည်အသွေးမြင့် အသိဉာဏ်ပစ္စည်းမှုပိုင်ခွင့် ဖွဲ့ဖြိုးရေးတို့အတွက် လိုက်လျောညီထွေမှုရှိသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရန် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အောင်မြင်မှုများစွာ ပြုလုပ်နိုင်ခဲ့ကြောင်း အမျိုးသား အဆင့် အသိဉာဏ်ပစ္စည်းမှုပိုင်ခွင့် စီမံခန့်ခွဲရေးဌာန(NIPA) မှ ညွှန်ကြားရေးမှူး Shen Changyu   က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

          ၂၀၁၉ ခုနှစ်အတွင်း လူဦးရေ(၁၀,၀၀၀) လျှင် တီထွင်ဆန်းသစ်မှုပိုင်ခွင့် (၃.၁၃) ခုရှိခဲ့ပါ သည်။ ထိရောက်စွာမှတ်ပုံတင်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း (၂၅) သန်းကျော်ရှိခဲ့ပြီး၊ ပျမ်းမျှအားဖြင့် စျေးကွက်ထဲရှိ လုပ်ငန်း (၄.၉) ခုတွင် မှတ်ပုံတင်ထားသော ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုကို ပိုင်ဆိုင်ထားကြပါသည်။

          တရုတ်နိုင်ငံ၏ တီထွင်မှု မှုပိုင်ခွင့်စစ်ဆေးရာတွင် ပိုမိုထိရောက်မှုရှိလာပါသည်။ တန်ဖိုး ကြီးမားသော တီထွင်မှုမူပိုင်ခွင့် စစ်ဆေးသည့် ကာလကို (၁၇.၃) လ သို့လည်းကောင်း၊ ကုန်အမှတ် တံဆိပ် မှတ်ပုံတင်ခြင်းအတွက် အချိန်ကာလကို (၄.၅) လသို့ လည်းကောင်း လျှော့ချနိုင်ခဲ့ပါသည်။

          ကမ္ဘာအသိအဉာဏ်မူပိုင်ခွင့် အဖွဲ့အစည်းမှ ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့တီထွင် ဆန်းသစ်မှုအညွှန်းကိန်းအရ တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုအဆင့်မှာ ရှေ့သို့ (၁၄) အဆင့် တက်လာခဲ့သည့်အတွက် ကမ္ဘာ့ဝင်ငွေအလယ်အလတ်ရှိသော  ထိပ်တန်းနိုင်ငံများအကြား တရုတ် ၏ တီထွင်ဆန်းသစ်မှုအားသာချက်မှာ ကမ္ဘာပေါ်တွင် ရှေ့တန်းရောက်နေပြီးဖြစ်သည်ကို တွေ့ရပါ သည်။

          ယခုနှစ်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် စာရင်းအရ စီးပွားရေးပတ်ဝန်းကျင်အတွက် တရုတ်၏ အဆင့်မှာ (၃၁) နေရာသို့ ရောက်ရှိလာပါသည်။

          အသိအဉာဏ်မူပိုင်ခွင့် ဖန်တီးခြင်းမှာ တီထွင်ဆန်းသစ်သော စီးပွားရေးနှင့်  အရည်အသွေး မြင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရန်သော့ချက်ဖြစ်ကြောင်း၊ ရှေ့ဆက်၍ ပိုမိုခိုင်မာစေရန်  ပြုလုပ် သွားမည့် အသိဉာဏ်ပစ္စည်းကာကွယ်မှုမှာ တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အတွက် ဗဟိုဖြစ်ကြောင်း ဗဟိုအစိုးရ ဈေးကွက်စည်းမျဉ်းစည်းကမ်းစီမံခန့်ခွဲရေးမှ အကြီးအကဲ Xiao Yaqing က ထုတ်ဖော်ပြောကြားထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)