China (Kunming)

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စက်မှုကွင်းဆက်ပူးပေါင်းဆောင်ရွက်မှု RCEP ကြောင့် ပိုမိုနက်ရှိုင်း

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထိပ်တန်းစက္ကူစက်ရုံတွင် ယခုနှစ်အတွင်း အာဆီယံနိုင်ငံများမှ အမှာစာများမြင့်တက် နေသဖြင့် ထုတ်လုပ်မှုလိုင်းများ အပြည့်အဝလည်ပတ်နေကြောင်း “စက်ရုံမှထုတ်လုပ်သော အဖြူရောင်ကတ်ထူပြားများနှင့် ပြည့်နေသော ကွန်တိန် နာ ၉၀ နီးပါးကို ကျင်းကျိုး Qinzhou ဆိပ်ကမ်းမှတဆင့် အာဆီယံဈေးကွက်များဆီသို့ နေ့စဉ်တင်ပို့နေပြီး အရေအတွက်တိုးလာနေကြောင်း အင်ဒိုနီးရှား Asia Pulp & Paper Sinar Mas ပိုင်ဆိုင်သော Guangxi Jingui Pulp & Paper Co., Ltd. ထောက်ပံ့ပို့ဆောင်ရေးဌာန ဒါရိုက်တာ ကျိုးက ပြောပါသည်။  

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) စတင်အသက်ဝင်ချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ် ကုမ္ပဏီများအကြား ကုန်သွယ်မှုကုန်ကျစရိတ်များကို ပိုမိုလျှော့ချခဲ့ပြီး ဆက်စပ်ကုမ္ပဏီများသည် မြင်သာထင်သာသော အကျိုးခံစားခွင့်များကို မြင် တွေ့ခဲ့ရကြောင်း၊ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်တွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ယွမ် ၂.၉၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၃၇.၈ ဘီလီယံခန့်) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၀.၆ ရာခိုင်နှုန်းတိုးမြင့်လာသည်ကို တွေ့ရကြောင်း၊ အာဆီယံနိုင်ငံများမှ တင်သွင်းလာသော သစ်သားပြားများ၊ သစ်သားပျော့ဖတ်နှင့် ကော်မှုန့် (ကစီဓာတ်) ကဲ့သို့သော ကုန်ကြမ်းများသည် RCEP သဘောတူညီချက်များကြောင့် ဦးစားပေးအကောက်ခွန်သက်သာခွင့်များ ရရှိနေပြီဖြစ်ပြီး ၎င်းသည် ကုမ္ပဏီ၏ ကုန်ကျစရိတ်ကို များစွာသက်သာစေ ကြောင်း ကျိုးမှ ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားကုမ္ပဏီသည် တရုတ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ သစ်တောရေးရာများကို စီမံခန့်ခွဲရန်အတွက် ဇန်နဝါရီလတွင် ရုံးခွဲတစ်ခုကို တည်ထောင်ခဲ့ပြီး တရုတ်နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလား အလာကို စောင့်ကြည့်နေသောကြောင့် ကုမ္ပဏီအနေဖြင့် စက်မှုလုပ်ငန်းကွင်းဆက်များ တိုးချဲ့ရန်ကြိုးပမ်းခဲ့သည်။ RCEP အကောင်အထည်ဖော်မှု သည် အာဆီယံနိုင်ငံများနှင့် တရုတ်စီးပွားရေးလုပ်ငန်းများကို ပိုမိုပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်တွင် စီးပွားရေးလုပ်ဆောင်နိုင်စေရန်၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းစေပြီး ကုန်သွယ်မှုနှင့် စီးပွားရေးဖလှယ်မှုများကို လွယ်ကူချောမွေ့စေသည်ဟု ကုမ္ပဏီ များက ယုံကြည်ကြကြောင်း၊ RCEP ကို အကောင်အထည်ဖော်ခြင်းသည် ကျွန်ုပ်တို့၏ ကုမ္ပဏီနှင့် မလေးရှားရှိ မိတ်ဖက်ကုမ္ပဏီများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေသည်" ဟု စင်ကာပူနိုင်ငံမှ ထောက်ပံ့ထားသော ကျန်းမာရေးအစားအစာထုတ်လုပ်ရေးဖြစ်သည့် မလေးရှားနိုင်ငံမှ စားသုံးနိုင်သောငှက်သိုက်များကဲ့သို့ ကုန်ကြမ်းများကို တင်သွင်းလျက်ရှိသော  Guangxi Free Trade Zone Sing Nest International Trading Co., Ltd. ၏ လက်ထောက်အထွေထွေမန်နေဂျာ လီက ပြောကြားပါသည်။
 

RCEP သယ်ဆောင်လာသော ရိုးရှင်းသော အကောက်ခွန်ရှင်းလင်းမှုကြောင့် လုပ်ငန်း၏ထုတ်လုပ်မှုနှင့် လည်ပတ်မှုစွမ်းဆောင်ရည်မှာ အလွန်တိုး တက်ကောင်းမွန်လာကြောင်း၊ မလေးရှားနိုင်ငံမှ ကုန်ကြမ်းမှာယူမှုမှစ၍ ကုန်ပစ္စည်းလက်ခံသော အချိန်ကာလမှာ ယခင်က ၁၅ ရက်ကြာမြင့်ခဲ့ သော်လည်း ယခုအခါ ငါးရက်အထိတိုတောင်းခဲ့၍ သိုလှောင်ရုံကုန်ကျစရိတ်များစွာ လျှော့ချပေးခဲ့ကြောင်း၊ ကွမ်ရှီးရှိ တရုတ်ကုမ္ပဏီများက RCEP ကြောင့် အာဆီယံနိုင်ငံများနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မှုရှိ၍  ၎င်းတို့၏ ယုံကြည်မှုကို မြှင့်တင်ပေးကြောင်း၊ Liugong Machinery Co., Ltd. သည် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံသို့ ကုန်တင်ယာဉ်အများအပြားကို ပို့ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ထိုင်းဖြန့်ဖြူးရေးကုမ္ပဏီ Yontrakarn နှင့် ဖက်စပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Zeng Guang'an က နှစ်ဖက်စလုံးသည် (၁၁) နှစ် ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ထိုင်းဖောက်သည်များအား ဖက်စပ်လုပ်ငန်းဖြင့် ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးလိုကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ထားသော ကွမ်ရှီးသည် တရုတ်နိုင်ငံနှင့် RCEP အဖွဲ့ဝင်များကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော ပြတင်းပေါက်တစ်ခုဖြစ်လာကြောင်း၊ ကွမ်ရှီးနှင့် အာဆီယံနိုင်ငံများကြားတွင် လေကြောင်းကုန်စည် ပို့ဆောင်ရေးလမ်းကြောင်း စုစုပေါင်း ၁၂ ခုကို ဖွင့်လှစ်ထားပြီး အဓိက အာဆီယံနိုင်ငံအားလုံးနီးပါးကို လွှမ်းခြုံထားကြောင်း ဖေါ်ပြထားပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်။ yunnangateway.com/html/2022/world_0823/25179.html

 

 

Category: China (Kunming)