China (Kunming)

တရုတ်နိုင်ငံရှိ ကျေးလက်ဒေသများတွင် လူနေမှုအဆင့်အတန်း မြင့်မားလာ

Last Updated:

တရုတ်နိုင်ငံသည် ဆင်းရဲမွဲတေမှု ပပျောက်ရေးတွင် သမိုင်းဝင် အောင်မြင်မှုများရရှိထားပြီး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အောင်မြင်မှုများကို စုစည်းကာ ချဲ့ထွင်ရန်ကျေးလက်ဒေသရှင်သန်ရေးအတွက် တက်ကြွစွာတွန်းအားပေးနေကြောင်း တစ်နှစ်လျှင် လူတစ်ဦးချင်းဝင်ငွေ ယွမ် ၂၃၀၀(ဒေါ်လာ ၃၃၀) အောက် တစ်ရက်လျှင် ၁ ဒေါ်လာခန့်ရှိသော ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူ ၉၈.၉၉ သန်းခန့်သည် ဆင်းရဲတွင်းမှ လွတ်မြောက် သွားပြီဖြစ်ကြောင်း ၂၀၂၀ နှစ်ကုန်တွင် ခရိုင်ပေါင်း ၈၃၂ ခန့်နှင့် ကျေးရွာပေါင်း ၁၂၈,၀၀၀ ကို တရားဝင် ဆင်းရဲနွမ်းပါးမှုစာရင်းမှဖယ်ရှားခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ ၂၀၂၁ ခုနှစ်တွင် ကျေးလက်နေထိုင်သူများ၏ ပျမ်းမျှတစ်ဦးချင်း ဝင်ငွေသည်  ၂၀၁၂ ခုနှစ် အဆင့်မှ ၁၈၉၃၁  ယွမ်အထိ နှစ်ဆ တိုးလာကြောင်း ဖေါ်ပြထားပါသည်။  

စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဒုတိယ၀န်ကြီး သန်ရှောင်ကန်က ယခင်ကဆင်းရဲနွမ်းပါးသောဒေသများရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်း သိသိသာသာ မြင့်တက်လာပြီး လုံလောက်သော အစားအစာ၊ အဝတ်အထည်၊ ဘေးကင်းသော အိမ်ရာများ၊ မသင်မနေရပညာရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးတို့ ရရှိပြီဖြစ်ကြောင်း   ယခင်က ဆင်းရဲနွမ်းပါးသော ခရိုင်အားလုံးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးမည့် ကွဲပြားသောစက်မှုလုပ်ငန်း နှစ်ခုမှသုံးခုအထိရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး လက်လှမ်းမီမှုနည်းပါးမှုကို ဖြေရှင်းနိုင်ခဲ့ကြောင်း ကျေးလက်ဒေသများ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျန်းမာရေးနှင့်ညီညွတ်သော အိမ်သာများတည်ဆောက်ထားပြီး အမှိုက်နှင့်မိလ္လာလာစွန့်ပစ်နိုင်မှုမှာလည်း သိသိသာသာ တိုးတက်လာကြောင်း ၎င်းကမကြာသေးမီကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

အမျိုးသားကျေးလက်ပြန်လည်ထူထောင်ရေး စီမံအုပ်ချုပ်မှု၏ လက်ထောက်အကြီးအကဲ ဟုန် က တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအမံများတွင် ပါတီ၏ ခေါင်းဆောင်မှုကို လိုက်နာမှု၊ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် ဆင်းရဲနွမ်းပါးသော ပြည်သူများအား စည်းရုံးရေးတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အောင်မြင်မှုကိုစုစည်းပြီး ဆင်းရဲမွဲတေမှု ကြီးကြီးမားမား ပြန်မလာ နိုင်စေရေးသည် အနာဂတ်အတွက် အဓိကတာဝန်များဖြစ်ကြောင်း  တစ်ချိန်က ဆင်းရဲနွမ်းပါးသော ပြည်သူများကို စောင့်ကြည့်လေ့လာပြီး လိုအပ်သည့် အကူအညီများ ပေးဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ယခင်က ဆင်းရဲနွမ်းပါးသူ သန်း ၃၀ ကျော်ကို ယခု နှစ်အတွင်း အလုပ်အကိုင်များ ရှာဖွေနိုင်စေမည်ဖြစ်ပြီး ကျေးလက်လူနေမှုပတ်ဝန်းကျင်မြှင့်တင်ရေးသည် ကျေးလက်နေရေး ရှင်သန်ရေးမဟာဗျူဟာကို အကောင် အထည်ဖော်ရာတွင် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ကြောင်းသိရသည်။ ကျေးလက်နေ အိမ်သာသန်း၄၀ ကျော်ကို ပြန်လည် ပြုပြင်မွမ်းမံပြီး ကျေးလက်ဒေသများတွင် မိလ္လာသန့်စင်မှုနှုန်းသည် ကျေးလက်ဒေသများတွင် ၂၈ ရာခိုင်နှုန်းခန့် ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော သုံးနှစ်တာ ကျေးလက်လူနေမှုပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးလှုပ်ရှားမှု၏ ရလဒ်အဖြစ် ရောက်ရှိခဲ့ကြောင်း ကျေးရွာများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် သန့်ရှင်းရေးလှုပ်ရှားမှုများကို လုပ်ဆောင်ကြပြီး လယ်သမားများသည် သန့်ရှင်းပြီးစိမ်းလန်းသော နေထိုင်မှုပုံစံကို ကျင့်သုံးကြကြောင်း ကျေးလက်ခရီးသွားလာရေး လမ်းကြောင်း ၁၀၀၀ ကျော်ကို ကျေးလက်ခရီးသွားလာရေး မြှင့်တင်ထားပြီး ကျေးလက် အပန်းဖြေ စားသောက်ဆိုင်များနှင့် ကလပ်ပေါင်း ၃၀၀၀၀၀ကျော် ရှိကြောင်း ကျေးလက်ဒေသများတွင် အီးကောမတ်စ် မြှင့်တင်ရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများပြုလုပ်ခဲ့ကြောင်း ကျေးလက်တွင် အီးကောမတ်စ် စတိုးဆိုင်ပေါင်း ၃၀,၀၀၀ ကျော်ရှိပြီး ထူးခြားသော စိုက်ပျိုးရေးထွက်ကုန်များရောင်းချမှုပိုမိုအဆင်ပြေစေကြောင်း သန် က ပြောသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် Living standards rise in the nation's rural areas - News - 云桥网英文 (yunnangate way.com)

Category: China (Kunming)