China (Kunming)

တရုတ်နိုင်ငံသည် တက်ကြွသော COVID-သုညမူဝါဒကို ဆက်လက်စွဲကိုင်ထား

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ တက်ကြွသော COVID-သုညမူဝါဒကို ဆက်လက်လုပ်ဆောင်နေပြီး ၎င်း၏ တုံ့ပြန်ဆောင်ရွက်မှုအစီအမံများကို ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ကူးစက်ရောဂါတုံ့ပြန်မှုသည်  သိပ္ပံပညာကို ပိုမိုအခြေခံပြီး ရည်ရွယ်မှု သေချာစေရန် အတွက် ဉီးတည် ဆောင်ရွက်နေ ကြောင်း တရုတ်နိုင်ငံ၏ ကိုဗစ် ၁၉ ထိန်းချုပ်ရေးသည် ရှုပ်ထွေးသော  အခြေအနေနှင့် ရင်ဆိုင်နေရပြီး မြို့အများအပြားတွင် ဒေသတွင်းဖြစ်ပွားမှု ပြန်လည်ပေါ်ပေါက်ခြင်းနှင့် အစုလိုက်အပြုံလိုက် ကူးစက်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း မြို့တော် ဘေဂျင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအရာရှိ ဟူရှင်း က ပြောကြားခဲ့သည်။

သို့သော် ယေဘုယျအားဖြင့် နိုင်ငံတစ်ဝန်း အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ရှင်ကျန်း ယူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသတို့၌ ဗိုင်းရပ်စ်ထိန်းချုပ်ရေးတွင် ခိုင်မာသော တိုးတက်မှုများ ရရှိခဲ့ပြီး ကွမ်တုံး၊ဖူးဂျီယန်၊ဟေလုံဂျင်း၊ဟီဘေးနှင့်ဟီနန် ကဲ့သို့သော အခြား ပြည်နယ်များတွင် ရောဂါဖြစ်ပွားမှုများ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ကြောင်း ဗိုင်းရပ်စ်၏ ပြောင်းလဲနေသော အင်္ဂါရပ်များနှင့်အညီ ကာကွယ်ရေးနှင့် ထိန်းချုပ်မှု အစီအမံများကို ချိန်ညှိရန် တရုတ် ကျန်းမာရေးဌာနသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟူက ပြောကြားခဲ့သည်။

 ကူးစက်ရောဂါ ထိန်းချုပ်ရေးအစီအမံများကိုအလွဲသုံးစားလုပ်ခြင်းဆိုင်ရာ အများပြည်သူ စိုးရိမ်မှုများ နှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှအရာရှိတစ်ဦးဖြစ်သူ တောင်ကျား က အချို့သော ဒေသဆိုင်ရာအာဏာပိုင်များသည် ဗိုင်းရပ်စ် ထိန်းချုပ်ရန် ရိုးရှင်းသော အစီအမံများကို ကျင့်သုံးခဲ့ကြောင်းကို  သတိပြုမိကြောင်း  ထိုသို့သော အပြုအမူသည် အဓိပ္ပာယ်မဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ဗျူရိုကရေစီစနစ်ဖြင့် ဖွဲ့စည်းထားပြီး သိပ္ပံ နည်းကျနှင့် ပစ်မှတ်ထားသော ကပ်ရောဂါ ထိန်းချုပ်မှုနှင့် ကိုဗစ် တုံ့ပြန်မှုအား စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၏ လိုအပ်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း လိုအပ်မှုဆောင်ရွက်ရန် ပျက်ကွက်သူများ၏ အဆိုပါအပြုအမူအား အချိန်မှီ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြစ်ဒဏ်များ ချမှတ်၍ ပြုပြင်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် China to stick to dynamic zero-COVID policy - News - 云桥网英文 (yunnangateway.com)

Category: China (Kunming)