China(Beijing)

တရုတ်နိုင်ငံသည် အချို့သောကုန်ပစ္စည်းများတင်သွင်းမှုအပေါ် ကောက်ခံမည့် အကောက်ခွန် နှုန်းများပြင်ဆင်မည်ဟု ကြေညာခဲ့ခြင်း

Last Updated:

         တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ အချို့သောကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းများအား ပြင်ဆင်မည်ဖြစ်သည်ဟု နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ဆိုင်ရာကော်မရှင်မှ ၂၃-၁၂-၂၀၁၉ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်း သည် နိုင်ငံအတွင်းသို့ ကုန်ပစ္စည်းများတင်သွင်းမှု ပိုမိုတိုးတက်လာစေရန်နှင့် တင်သွင်းမှုပုံစံ ပိုမိုကောင်းမွန်လာစေရန် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိသည့် ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်းအမျိုးအမည် (၈၅၀) ကျော်အား ပုံမှန်ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်းများထက် နိမ့်ကျသည့် အကောက်ခွန်နှုန်းဖြင့် ကောက်ခံသွားရန် အတွက် ယာယီအကောက်ခွန်နှုန်းများအား သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အလားတူပင် ၂၀၂၀ ပြည့်နှစ်၊ ဇူလှိုင်လ (၁) ရက်နေ့မှ စတင်၍ သတင်းအချက်အလက်၊ နည်းပညာဆိုင်ရာ ကုန်ပစ္စည်း (၁၇၆) မျိုးအတွက် ကောက်ခံလျက်ရှိ သည့် ပုံမှန်အကောက်ခွန်နှုန်းအား ဖယ်ရှားပေးမည် ဖြစ်ကြောင်း၊ အဆိုပါ ကုန်ပစ္စည်းများအနက် အချို့သော ကုန်ပစ္စည်းများအပေါ် ယာယီအကောက်ခွန်နှုန်းများ သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်းတွင် ဝက်သားဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဝက်သားရောင်းလိုအား မြင့်တက်လာ စေရန်ရည်ရွယ်၍ အေးခဲဝက်သားများ အပေါ် ကောက်ခံသည့်အကောက်ခွန်နှုန်းအား ၁၂% မှ ၈% သို့လည်းကောင်း၊ တီဘီနှင့် ဆီးချိုရောဂါအတွက် ထုတ်လုပ်သည့် ဆေးဝါးများအတွက် ကုန်ကြမ်းပစ္စည်းအချို့အား အကောက်ခွန်နှုန်း သုည သို့သော်လည်းကောင်း အသီးသီး လျှော့ချသွားမည်ဖြစ်ကြောင်း၊ အလားတူပင် တစ်ဝက်တစ်ပျက် ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်မည့် ကိရိယာနှင့် အစိတ်အပိုင်းများအားလည်း ယာယီအကောက်ခွန်နှုန်း သတ်မှတ်သည့်စာရင်းတွင် ထည့်သွင်းထားကြောင်း၊ ထိုကဲ့သို့ အကောက်ခွန်နှုန်းများ ပြင်ဆင် သတ်မှတ်ခြင်းသည် တင်သွင်းမှု ကုန်ကျစရိတ် သက်သာစေရန် သာမက ပြည်တွင်း၊ ပြည်ပ ထုတ်လုပ်ခြင်းနှင့်ပတ်သတ်၍ စနစ်တကျ လွတ်လပ်စွာ တိုးတက်မှု ရရှိစေရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် လွတ်လပ်သောကုန်သွယ်ရေးဇုန်များ တည်ဆောက်ရာတွင် အရှိန်အဟုန်ရရှိစေရန်၊ အရည်အသွေးမြင့်မားသည့် ဖွင့်လှစ်ပေးမှုများ ပိုမိုအဆင်ပြေ ချောမွေ့မှုရှိစေရန်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ပတ်ဝင်းကျင်တိုးတက်မှုရရှိစေရန် ဖြစ်သည်ဟု သိရှိရပါသည်။

Source: ၂၃-၁၂-၂၀၁၉ ရက်နေ့ထုတ် China Daily newspaper

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)